Tuesday, January 20, 2026
spot_img
spot_img

PSG အသင်းမှ အငှားဖြင့် ခေါ်ယူထားသည့် နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို လိုက်ပ်ဇစ်အသင်း အပြီးသတ်စာချုပ်ချုပ်ဆို

လိုက်ပ်ဇစ်အသင်းသည် PSG အသင်းထံမှ အငှားဖြင့် ခေါ်ယူထားသည့် နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို အပြီးသတ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

ဇာဗီဆိုင်မွန်စ်(၂၁ နှစ်)သည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဆယ်ကျော်သက် အရွယ်မှာပင် PSG အသင်းသို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ်တွင် PSV အသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ၂၀၂၃ နွေရာသီတွင် PSG အသင်းက စာချုပ်ပါသဘောတူညီချက်အတိုင်း ယူရို(၆)သန်းဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။

သို့သော် အသင်းတွင် နေရာပေးနိုင်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့်ရာသီတွင်ရော ယခုရာသီတွင်ပါ လိုက်ပ်ဇစ်အသင်းထံ အငှားချခဲ့ပြီးနောက် ယခုအခါ အပြီးသတ်ရောင်းချလိုက်ခြင်းဖြစ်သည်။

လိုက်ပ်ဇစ်အသင်းသည် ဇာဗီဆိုင်မွန်စ်ကို အပြီးသတ်ခေါ်ယူခြင်းအတွက် PSG အသင်းထံ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)ပေးချေရမည်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်၍ Add-ons ကြေး ယူရို(၃၁)သန်း ထပ်မံပေးချေရမည်ဟု သိရသည်။ ဇာဗီဆိုင်မွန်စ်၏ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments