Wednesday, January 14, 2026
spot_img
spot_img

PSG အသင်းမှ ရောင်းထုတ်မည်ဆိုပါက အခြားအသင်းများသို့ ပြောင်းရွှေ့လိုခြင်းမရှိဘဲ မန်ယူအသင်းသို့သာ ပြောင်းရွှေ့ရန် နေမာ ဆန္ဒရှိ

PSG တိုက်စစ်မှူး နေမာသည် အသင်းမှ ရောင်းထုတ်ခံရပါက အခြားအသင်းများသို့ ပြောင်းရွှေ့လိုခြင်းမရှိဘဲ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းထံသို့သာ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာသည် PSG အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ယခုနွေရာသီတွင် အသင်းနှင့်လမ်းခွဲရဖွယ်ရှိနေသည်။

ထို့ပြင် နေမာသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း PSG အသင်းပရိသတ်များနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသလို၊ ဒဏ်ရာမကြာခဏရရှိမှုနှင့် အသက်အရွယ်ကြီးရင့်လာမှုတို့ကြောင့် အသင်းက ၎င်းကို ယခုနွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် နေမာအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် မန်ယူ၊ ချယ်လ်ဆီးနှင့် နယူးကာဆယ်တို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

သို့သော် The Sun သတင်းစာ၏ဖော်ပြမှုအရ PSG အသင်းနှင့် စာချုပ်သက်တမ်း (၄) နှစ် ကျန်ရှိနေသေးသည့် နေမာသည် မန်ယူအသင်းသို့ ရောင်းချမှသာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုနွေတွင် ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရန် စီစဉ်နေပြီး အသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် နေမာနှင့်သတင်းများကို ငြင်းဆန်ခဲ့ခြင်းမရှိပေ။

နေမာသည် PSG အသင်းအတွက် (၆) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇၃) ပွဲတွင် (၁၁၈) ဂိုးသွင်းယူထားသည်။

ထို့ပြင် နေမာသည် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးဘောလုံးသမားအဖြစ် စံချိန်တင်ထားသူဖြစ်ရာ မန်ယူအသင်းအနေဖြင့် ၎င်းကိုခေါ်ယူမည်ဆိုပါက စျေးပေါပေါဖြင့်ရမည်မဟုတ်ပေ။

နေမာသည် PSG အသင်းတွင် တစ်ပတ်လစာ ပေါင် (၁)သန်းနီးပါးရရှိနေပြီး မန်ယူကိုလာပါက လစာငွေလျှော့ယူရဖွယ်ရှိနေသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments