Monday, February 9, 2026
spot_img
spot_img

PSG နဲ့ လမ်းခွဲတော့မယ့် ဂျီနီ ဝိုင်နယ်ဒမ်

လီဗာပူး မှာ ရှိစဉ် အချိန်တုန်းကတော့ တစ်ရာသီ ပွဲပေါင်း 50 လောက် မနားမနေ ဆက်တိုက် ကစားပေးခဲ့တဲ့ ဝိုင်နယ်ဒမ် ဟာ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့သွားချိန်မှာတော့ ပွဲကစားခွင့် ခိုင်ခိုင်မာမာ မရခဲ့တဲ့ အပြင် ၊ ပြင်သစ် သတင်းစာ တစ်စောင်က ရွေးချယ်တဲ့ Flop of the Season အဖြစ်တောင် သတ်မှတ်ခံလိုက်ရပါတယ်။

အထူးသဖြင့် နယ်သာလန် လက်ရွေးစင် အသင်းကြီးနဲ့ အတူ ကမ္ဘာ့ဖလား ပါဝင် ကစားခွင့် ခိုင်ခိုင်မာမာ ရထားချင်တဲ့ အတွက် ၊ သူ့ အတွက် အခွင့်အရေး ဖန်တီးပေးနိုင်မယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ချင်နေတာပါ။

လက်ရှိ ပီအက်စ်ဂျီ မှာ သူ ရရှိနေတဲ့ လစာ ပမာဏ က တစ်နှစ် အတွက် ယူရို 9 သန်း ဝန်းကျင် ရှိတယ်လို့ နားလည်ရပါတယ်။ ဒါကြောင့် ဒီလို အချိန်မှာ သူ့အရွယ် ၊ သူ့ လစာ ပမာဏမျိုး နဲ့ ခေါ်ယူချင်တဲ့ အသင်းက များများစားစား မရှိပြန်ပါဘူး။

လီဗာပူး နဲ့ စာချုပ်သက်တမ်းကုန်လို့ အခြားတစ်နေရာမှာ အဆင်ပြေမယ် ထင်ပြီး ပြောင်းရွှေ့သွားပေမယ့် ၊ နယ်မြေသစ်ဟာ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့ခြင်း မရှိပါဘူး။

ဒီကြားထဲမှာ နည်းပြ အပြောင်းအလဲတွေ အကြား သူ့ရဲ့ အနာဂတ်ပါ ပျောက်ဆုံး လာခဲ့ပါတယ်။

ပီအက်စ်ဂျီ နည်းပြသစ် ဂါတီယာ နဲ့ အားကစား ဆိုင်ရာ အကြံပေးဖြစ်သူ လူးဝစ် ကမ့်ပို့စ် တို့ဟာ မူဝါဒသစ်တွေ နဲ့ အသင်းကို ကိုင်တွယ်နေကြသလို ၊ မလိုအပ်တော့တဲ့ ကစားသမားတွေ ကိုလဲ အရောင်းစာရင်း တင်ထားပြီးပြီ ဖြစ်ပါတယ်။ ဝိုင်နယ်ဒမ် က အဲဒီထဲမှာ ပါဝင်နေတဲ့ တစ်ယောက် ဖြစ်ပါတယ်။

တစ်ချို့သော ကစားသမားကြီးတွေက လက်ရှိ နည်းပြရဲ့ အစီစဉ်တွေထဲမှာ ပါဝင်ခြင်း မရှိတော့သည့်တိုင်အောင် ၊ တစ်နေရာစာ ရယူနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်ပြီး ကြိုးစားဖို့ ပြင်ဆင်နေကြပေမယ့် ၊ ဝိုင်နယ်ဒမ် ကတော့ သူ့ အပေါ် တန်ဖိုးမထားတဲ့ အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိပုံ မရတော့ပဲ လမ်းခွဲဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကလဲ အပြီးသတ် ရောင်းထုတ်ဖို့ မလွယ်ကူတာမို့ ၊ အငှား ခေါ်ယူမယ့် ကလပ်မျိုး ရှိရင်တောင် လက်ခံဆွေးနွေးမယ့် အကြောင်း လမ်းဖွင့်လာခဲ့ ပါတယ်။

လက်ရှိမှာတော့ စီးရီးအေ ကလပ် ရိုးမား အသင်းက ဝိုင်နယ်ဒမ် ကို ခေါ်ယူဖို့ တရားဝင် ကြိုးစားနေပါတယ်။ ကစားသမား နဲ့ နည်းပြ မော်ရင်ဟို တို့ အကြား တိုက်ရိုတ် ဆက်သွယ်ပြောဆိုမှုတွေ ရှိနေသလို ၊ ရိုးမား ကလဲ ပီအက်စ်ဂျီ အသင်းထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ ကိစ္စတွေ ညှိနှိုင်းလျှက် ရှိနေပါတယ်။

နှစ်သင်း စလုံးဟာ မြင့်မားနေတဲ့ ကစားသမား ရဲ့ လစာ ပေးချေမှု ပမာဏ ကို မျှခံပေးဖို့ သဘောတူထားပါတယ်။ သို့သော် ရိုးမား က 40% သာ မျှခံချင်တယ်လို့ နားလည်ရပြီး ၊ ပီအက်စ်ဂျီ ဘက်က 60% အထိ တိုးပေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီ အချက်အလက်တွေ အကြားမှာ အငှားခေါ်ယူမယ့် ကိစ္စကို ဆွေးနွေးနေကြတာပါ။

နည်းပြ မော်ရင်ဟို ဟာ သူ့ ပြောစကား နားထောင်ပြီး ၊ ကွင်းထဲမှာ မခိုမကပ်ပဲ ကစားမယ့် ဘောလုံးသမားမျိုး ဆို သဘောကျတာကြောင့် ၊ ဝိုင်နယ်ဒမ် လို ကစားသမားမျိုး နဲ့ လိုက်ဖက်မယ် ထင်ပါတယ်။

ဝိုင်နယ်ဒမ် က ဒဏ်ရာပြသနာ ကင်းသလို ၊ ကြံ့ခိုင်မှုအားကောင်းကောင်း နဲ့ ကစားနိုင်သူ ဖြစ်ပြီး ၊ ကွင်းလယ် လုပ်အားနှုန်း ကောင်းမွန်တဲ့ သူမျိုး ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်တွေ ကတော့ သူတို့ ရဲ့ အချစ်တော် ကစားသမား တစ်ယောက် ပဲရစ်မှာ အဆင်မပြေ ဖြစ်နေတာမြင်ပြီး စိတ်မကောင်း ဖြစ်နေတာမို့ ၊ ရောမ ကို ရောက်မယ် ဆိုရင်တောင် အဆင်ပြေပြေ ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments