Wednesday, January 14, 2026
spot_img
spot_img

PSG နဲ့ ပွဲမှာ ထူးရှယ်စွမ်းဆောင်ရည် ပြသခဲ့တဲ့ ဆန်ချို အပေါ် အွန်နရီ ရဲ့ချီးကျူးစကား

သီယာရီ အွန်နရီ ဟာ မန်ယူနိုက်တက် အသင်းမှာ ရုန်းကန် ရတဲ့ အခြေအနေ ကနေ ပြန်လည် ရုန်းထပြီး ဒေါ့မွန် အသင်းနဲ့ အတူ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာခဲ့တဲ့ ဆန်ချို ရဲ့စွမ်းဆောင်ရည် ကို တခုတ်တရ ချီးကျူး သွားခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲမှာ ဆန်ချို ဟာ ပြောင်‌မြောက်တဲ့ စွမ်း‌ဆောင်ရည်တွေ နဲ့ အတူ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူပါ ။ ဆန်ချို ဟာ ၂၀၂၁ ခုနှစ် မန်ယူနိုက်တက် အသင်းကို ပြောင်းလာချိန်မှာ အတော်လေး ရုန်းကန် ခဲ့ရပြီး ၊ ဒီနှစ် ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်လည် ပြောင်း‌ရွှေ့ခဲ့တာပါ ။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အွန်နရီ ကတော့ မန်ယူနိုက်တက် အသင်း နဲ့ အတူ ကစားသမား ဘဝ နိမ့်ပါး နေရာကနေ ပြန်လည် တောက်ပအောင် ရုန်းထနိုင်ခဲ့တဲ့ ဆန်ချို ကို ဒေါ့မွန် နှင့် ပီအက်စ်ဂျီ ပွဲအပြီး သုံးသပ်ချက် အစီအစဉ်မှာ ချီးကျူး သွားခဲ့ပါတယ် ။

” မန်ယူနိုက်တက် အသင်းမှာတုန်းက သူ စိတ်ဓတ်ပိုင်းဆိုင်ရာ ရုန်းကန် ခဲ့ရတယ် ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ် ။ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေနေရင် ဘယ်မှာပဲ ကစားကစား စွမ်းဆောင်ရည်ကောင်းတွေကို ပြသ နိုင်မှာ မဟုတ်ပါဘူး ၊ ဘယ်လောက်ပဲ အရည်အသွေးရှိရှိ ဘယ်သူကြီးပဲ ဖြစ်နေပါစေဗျာ ။ သူ ဒီနေ့ လုပ်ပြခဲ့တာကို ကြည့်ကြည့်ပါ ၊ မန်ယူနိုက်တက်မှာတုန်းက သူ ၄၈ ပွဲလောက် ကစားပြီး အောင်မြင်တဲ့ လိမ်ခေါက် ကျော်ဖြတ်မှု ၇ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲမှာတော့ ပွဲအစ ၁၀ မိနစ်မှာတင် ၇ ကြိမ် လိမ်ခေါက် ကျော်ဖြတ်ပြီးနေပါပြီ ။ ”

” ကျနော် ပြောချင်တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လျော့မတွက် နဲ့ ဆိုတာပါပဲ ။ စိတ်ကျန်းမာရေး မကောင်းရင် ကျန်တဲ့ အရာတွေကို ကျော်ဖြတ်အောင်မြင်ဖို့ ဆိုတာ မလွယ်ကူပါဘူး ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကောင်းမွန်နေရင် စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်တယ် ၊ ခြေစွမ်းပြ နိုင်တာပါပဲ ၊ ဒါကြောင့် သိပ်တော်တယ် ငါ့ကောင်ရေ လို့ပဲ ကျနော်ကတော့ ချီးကျူး ချင်ပါတယ်ဗျာ ။ ” လို့ ဆိုသွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments