Wednesday, February 11, 2026
spot_img
spot_img

PFA တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ဆွတ်ခူး

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့မှ ချီးမြှင့်သော PFA တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ဆွတ်ခူးရရှိသွားသည်။ ဟာလန်းသည် မန်စီးတီးတွင် ကစားသည့် ပထမဆုံးရာသီတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး အဆိုပါခြေစွမ်းများကြောင်း ဆုရခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဟာလန်းသည် မန်စီးတီးအတွက် စုစုပေါင်း ၅၁ ပွဲကစားပြီး ၅၂ ဂိုးသွင်းယူခဲ့သလို မန်စီးတီးသည်လည်း ဆုဖလားသုံးလုံးရယူပြီး ဂန္ထဝင်မြောက်အောင်မြင်မှု တစ်ခုရယူလိုက်နိုင်သည်။ ပြီးခဲ့သည့်နှစ်ပရီးမီးယားလိဂ်တွင်လည်း ဟာလန်းသည် ၃၅ ပွဲပါဝင်ကစားပြီး ၃၆ ဂိုးသွင်းကာ PFA တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ယခုကဲ့သို့ လီဗာပူးတိုက်စစ်မှူးဆာလာထံမှ လွှဲပြောင်းရယူလိုက်နိုင်ခြင်းဖြစ်သည်။

၂၀၀၁-၀၂ နောက်ပိုင်း ရုဒ်ဗန်နစ္စတဲလ်ရွိုင်း နောက်ပိုင်းတွင် ပရီးမီးယားလိဂ်တွင် ပထမဆုံးကစားသော ဘောလုံးရာသီအပြီးတွင် PFA တစ်နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံး နိုင်ငံခြားသာဘောလုံးသမားအဖြစ်လည်း နော်ဝေတိုက်စစ်မှူး ဟာလန်းက မှတ်တမ်းဝင်ခဲ့သည်။ အသင်းဖော်များဖြစ်သော ဒီဘရန်းနား ဂျွန်စတုံးနှင့် အခြားအသင်းမှ ကစားသမားများဖြစ်ကြသော ဟယ်ရီကိန်း ဆာကာ မာတင်အိုဒီဂတ်တို့ကို ကျော်ဖြတ်၍ ဟာလန်းသည် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် အက်ဖ်အေဖလားတွင် တစ်ကြိမ်၊ ပရီးမီးယားလိဂ်တွင် ၄ ကြိမ်ဟက်ထရစ်သွင်းခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ၅ ဂိုးသွင်းသည့်ပွဲတစ်ပွဲရှိခဲ့သည်။

PFA အကောင်းဆုံးလူငယ်ဘောလုံးသမားဆုကို အာဆင်နယ်မှ ဆာကာက ဆွတ်ခူးရရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments