Saturday, September 13, 2025
spot_img
spot_img

One 163 ပြိုင်ပွဲတွင် တွဲဆိုင်းငါးပွဲ ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်ပွဲကို Co Main Event အဖြစ် ကျင်းပမည်

One Championship အဖွဲ့အစည်းက နိုဝင်ဘာ ၁၉ ရက်က စင်ကာပူနိုင်ငံ၌ကျင်းပမည့် One 163 အမည်ရပြိုင်ပွဲတွင် တွဲဆိုင်း ငါးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် အိုကာမီတို့၏တွဲဆိုင်းကို Co Main Event အဖြစ် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

One Championship ၏ ထုတ်ပြန်ချက်အရ ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲ တစ်ပွဲနှင့် စိန်ခေါ်ပွဲ လေးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ဂျပန်နိုင်ငံသား အကီမိုတိုနှင့် ထိုင်းနိုင်ငံသား ပတ်ချီတာနွန်တို့၏ ကစ်ဘောင်ဆင် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို Main Event အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး Co Main Event အဖြစ် ဂျပန်နိုင်ငံသား အိုကာမီနှင့် မြန်မာဖိုက်တာ အောင်လအန်ဆန်၊ အခြားစိန်ခေါ်ပွဲများအဖြစ် ဂျပန်နိုင်ငံသူ ဟီရာတာနှင့် တောင်ကိုရီးယားနိုင်ငံသူ ဟန်ဆိုးဟီ၊ ဂျပန်နိုင်ငံသား အေအိုကီနှင့် ရုရှားနိုင်ငံသား အီဇာဂါခါမက်ဗ်၊ ဂျပန်နိုင်ငံသား ၀ါကာမက်ဆုနှင့် တောင်ကိုရီးယားနိုင်ငံသား ဝူဆောင်ဟွန်တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

အောင်လအန်ဆန်သည် One Championship နှင့် ၂၀၁၄ ခုနှစ်ကတည်းက လက်တွဲခဲ့သည့်အပြင် ပရိသတ်များလည်း အခိုင်အမာရရှိထားပြီးဖြစ်သောကြောင့် ၎င်း၏တွဲဆိုင်းများကို Main Event သို့မဟုတ် Co Main Event အဖြစ် ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။ အောင်လအန်ဆန်သည် ယခုပွဲတွင် စိန်ခေါ်ပွဲအဖြစ်သာ ထိုးသတ်ရမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း စိန်ခေါ် ပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အောင်လ အန်ဆန်သည် One Championship ၏ ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၁ ခုနှစ် ဧပြီတို့တွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ရှုံးနိမ့်ကာ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံ ၀ိတ်တန်းနှစ်ခုကို လက်လွှတ်ခဲ့ရပြီးနောက် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရို၊ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်တို့နှင့် စိန်ခေါ်ပွဲများ ထိုးသတ်ထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments