Saturday, September 13, 2025
spot_img
spot_img

LIV ကစားသမားများအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် Rory McIlroy အိုလံပစ်အပေါ် လေသံပြောင်းလာ

ယခင်က မေဂျာချန်ပီယံဆုအတွက် အိုလံပစ်ပွဲကို အရေးမစိုက်ပစ်ပယ်ခဲ့ရာမှ Rory McIlroy (မက်ကယ်ရွိုင်း) သည် ယခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ လေသံ (သဘောထား) ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်ရှိ ကမ္ဘာ့ဂေါက်သီးအကျော်အမော်သည် ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲတွင် အိုင်ယာလန် ကိုယ်စားပြု၍ T4 ပန်းဝင်သူအဖြစ်သာ ရောက်ရှိခဲ့စဥ် ပြိုင်ဘက် Xander Schauffele က ရွှေတံဆိပ်ရယူနိုင်ခဲ့ပါတယ်။

သို့သော် မဝေးလွန်းသော အတိတ်ကာလ၌၊ မက်ကယ်ရွိုင်းက အိုလံပစ်ပွဲတွင် ရိုက်ချက်တစ်ခုထက် ပရော်ဖက်ရှင်နယ် တံခွန်စိုက်ပြိုင်ပွဲတွင် အနိုင်ရရှိရန်က ပိုအရေးကြီးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ရီယိုဒီဂျနေးရိုးမှာ အိုလံပစ်အားကစားပြိုင်ပွဲကြီး ကျင်းပခဲ့စဥ် မက်ကယ်ရွိုင်းက “အိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဒါမှမဟုတ် အိုလံပစ်ဆုတံဆိပ်ရဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်တော့်စိတ်ထဲမှာတော့ ပရော်ဖက်ရှင်နယ် တံခွန်စိုက်ပြိုင်ပွဲတစ်ခုက အမြဲတမ်း ပိုအရေးကြီးပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ယခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲတွင် အိုင်ယာလန်အတွက် ဆုတံဆိပ်တစ်ခုရရှိခဲ့ခြင်းသည် ၂၀၂၄ ခုနှစ်၏ အကောင်းဆုံးအောင်မြင်မှုဖြစ်မည် ပြောဆိုလိုက်ခြင်းဖြင့် သူ၏ သဘောထားကို အလုံးစုံပြောင်းလဲ ပြလိုက်ပါတယ်။ 

ယခုနှစ်နွေရာသီ ပါရီအိုလံပစ်ပြိုင်ပွဲ၌ ပြောကြားရာတွင် မက်ကယ်ရွိုင်းက “ဒါဟာ တစ်နှစ်တာရဲ့ အောင်မြင်မှုဖြစ်မှာ သေချာပါတယ်။ ကျွန်တော့်အတွက်ကတော့ ၁၀ နှစ်တာအတွင်း ကျွန်တော်ဟာ ကြီးမားတဲ့ လေးခုထဲက တစ်ခုကို မဆွတ်ခူးနိုင်ခဲ့ဘူးလို့ မှတ်တမ်းဝင်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ကျွန်တော့်ရဲ့အသက်မွေးဝမ်းကျောင်းမှာ အကြီးမားဆုံးမဟုတ်ရင်တောင်မှ တစ်ခုအပါအဝင်တော့ ဖြစ်မှာပါ။”

rory mcilroy olympics

ယင်းသည် မက်ကယ်ရွိုင်းက LIV ဂေါက်သီးကစားသမားများအား ငွေနောက်သာလိုက်နေကြသည်ဟု အငြင်းပွားဖွယ်ရာ ဝေဖန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း တင်ပြလိုက်ရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments