Saturday, February 7, 2026
spot_img
spot_img

Laureus Sportsman of the Year 2023 ဆုကို မက်ဆီ ရရှိ

ပီအက်စ်ဂျီစူပါစတား လီယွန်နယ်မက်ဆီသည် ပါရီမြိုမှာ ကျင်းပသော Laureus World Sports Awards ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံး အားကစားဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။

အသက် ၃၅ နှစ်ရှိ မက်ဆီသည် အာဂျင်တီးနားကို ကာတာတွင် ၇ ဂိုးနှင့် ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားအောင်မြင်မှုဆီသို ပိုဆောင်ပေးပြီးနောက် ပီအက်စ်ဂျီ အသင်းဖော် ကိုင်လီယန် အမ်ဘာပေ အပါအဝင် ကြယ်ပွင့်ဆန်ခါတင်စာရင်းကို တေ့ဖြုတ်ခဲ့ ခြင်းဖြစ်သည်။

“ဒါက အထူးဂုဏ်ယူစရာပါပဲ” ဟု မက်ဆီက ပြောကြားခဲ့သည်။ “အထူးသဖြင့် Laureus World Sports Awards ဟာ ဒီနှစ် ပါရီမှာ ရှိနေတဲ့အတွက်ပါ၊ ပါရီဟာ ၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို ဒီကိုရောက်လာကတည်းက ကျွန်တော့်မိသားစုကို ကြိုဆိုတဲ့မြိုပါ။”

အာဂျင်တီးနားလက်ရွေးစင်ကစားသမားသည် ဆော်ဒီအာရေးဗီးယားသို ခွင့်ပြုချက်မရှိဘဲ ခရီးထွက်ပြီးနောက် ဆိုင်းငံ့ခံထားရသည့် ပီအက်စ်ဂျီ သို ပြန်သွားကြောင်း အတည်ပြုပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments