Wednesday, March 4, 2026
spot_img
spot_img

Globe Soccer Awards တွင် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု ရရှိခဲ့သည့် အာဆင်နယ်နည်းပြ အာတီတာအား ပရိသတ်အချို့ လှောင်ပြောင်

Globe Soccer Awards တွင် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည့် အာဆင်နယ်အသင်းနည်းပြ အာတီတာအား ဘောလုံးပရိသတ်အချို့က လူမှုကွန်ရက်တွင် လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရသည်။

စပိန်လူမျိုးနည်းပြ အာတီတာ၏ အာဆင်နယ်အသင်းသည် ၂၀၂၃ -၂၄ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် နာမည်ကျော်နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းနှင့် အပြိုင်ဖြစ်ခဲ့သော်လည်း ရာသီပိတ်ပွဲစဉ်အပြီးတွင် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင်(၄) နှစ်ဆက်တိုက် ရယူသွားခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိသည့်အပြင် ၂၀၂၃-၂၄ ရာသီအတွင်း ဆုဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိဘဲ ဖလားလက်မဲ့ဖြစ်ခဲ့ရသည်။

သို့သော် အာဆင်နယ်နည်းပြ အာတီတာသည် မေလ (၂၉)ရက်က ဒူဘိုင်းတွင် ကျင်းပခဲ့သည့် ၂၀၂၄ Globe Soccer Awards တွင် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။

ထို့ကြောင့် ဘောလုံးပရိသတ်အချို့က လူမှုကွန်ရက်တွင် ၎င်းကို လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။

ပရိသတ်တစ်ဦးက ”EPL မှာ ဒုတိယရပြီး ဘာဖလားမှမရတာကို ဒီဆုရတာ စိတ်ဝင်စားစရာပါပဲ”ဟု ရေးသားခဲ့သလို၊ အဲဗာတန်ပရိသတ်တစ်ဦးက ”အာဆင်နယ် နှစ်သိမ့်ဆုရပြီ”ဟု ရေးသားခဲ့သည်။

အခြားပရိသတ်များကလည်း ”ပရီးမီးယားလိဂ်မရဘဲ အကောင်းဆုံးနည်းပြတဲ့လား”၊ ”ရယ်စရာကြီးပါ” စသည်ဖြင့် ရေးသားခဲ့ကြသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments