Tuesday, November 11, 2025
spot_img
spot_img

FA ဖလား ဖိုင်နယ်မှာ ယူနိုက်တက် တို့ကို ရှုံးနိမ့်စေခဲ့တဲ့ အဓိက ပြသနာကို ထုတ်ပြောလိုက်တဲ့ ရှမိုက်ကယ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဖိုင်နယ် ပွဲစဥ် အဖြစ် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ကာ ဆုဖလား တစ်လုံးကို လက်လွှတ်ခံခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂမ် ဟာ ပွဲချိန် တစ်မိနစ်မှာပဲ Volley ကန်ချက်နဲ့ အဖွင့်ဂိုးကို ရယူသွားနိုင််ခဲ့ပါတယ် ။ ဒါပေမဲ့ ဂိုးဧရိယာထဲ လက်ထိခဲ့တဲ့ ဂရီလစ်ရှ်ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ရခဲ့ပြီး ဘရူနို က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ် ။

ဒါကြောင့် ပထမပိုင်းဟာ 1-1 နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဂန်ဒိုဂမ် ကပဲ နောက်ထပ် Volley ကန်ချက်နဲ့ တစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ ဂိုးရခဲ့ပြီး အဆုံးသတ်မှာ ဆုဖလား ဆွတ်ခူးသွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာ 2 ဂိုး ပေးခဲ့ရတဲ့နောက် တန်ဟတ်ဟာ ဂါနာချို ၊ တော်မီနေး နဲ့ ဝဂ်ဟော့စ် တို့ကို လူစားဝင် ကစားစေခဲ့ပါတယ် ။ အခုတော့ ရှမိုက်ကယ် က ယူနိုက်တက်ရဲ့ အရန်လူ အင်အား မတောင့်တင်းခြင်းက ယူနိုက်တက် တို့ကို ရှုံးနိမ့်စေခဲ့တယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” ဒီညမှာတော့ ယူနိုက်တက်ဟာ အရာရာမှာ ဒုတိယဖြစ်နေခဲ့ရပါတယ် ။ တကယ်ပါ ၊ တော်တော့်ကို စိတ်မကျေမနပ် ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော် သတိထား ပြောဆိိုရပါလိမ့်မယ် ”

” အသင်းမှာ ပွဲရှိန်ကို ပြောင်းလဲစေချင်တယ်ဆိုရင် တန်ဟတ် ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို ကြည့်လိုက်ပါ ။ အဲ့ဒီ ကစားသမား အင်အားက ဒီ နှစ်သင်း အကြားမှာ ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေခဲ့ပါတယ် ”

” မန်စီးတီး ကစားသမားတွေဟာ ဒီဖလားကို ဘယ်လောက််အထိ ရယူလိုချင်သလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ် ။ သူတို့ဟာ ဆုံးရှုံးသွားတဲ့ ဘောလုံးတိုင်းကို ပြန်လည်် လုယူဖို့ အသည်းအသန် ကြိုးစားခဲ့ကြပါတယ် ”

” ဒါပေမဲ့ ယူနိုက်တက်ဖက်ကတော့ အရူးလုပ်ခံခဲ့ရတာပဲ များခဲ့ရပါတယ် ။ သူတို့ ပေးလိုက်ရတဲ့ ဂိုးနှစ်ဂိုးလုံးက တကယ့်ကို မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပါတယ် ။ ပထမဂိုးက 13 စက္ကန့်ထဲက ပေးခဲ့ရတာပါ ”

” အဲ့ဒီထဲက ခင်ဗျားတို့ အဲ့ဒီလို အရာတွေအတွက် အဆင််သင့် ဖြစ်နေဖို့ လိုအပ်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဒုတိယဂိုး ၊ ဒါကိုတော့ ဒီဂီယာ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ပဲ ကျွန််တော် ယူဆမိပါတယ် ” လို့ ရှမိုက်ကယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments