Friday, March 13, 2026
spot_img
spot_img

FA ဖလားပဉ္စမအဆင့် ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် – ဂရင်းစဘီ (ကြာသပတေးနံနက် ၁း၄၅ နာရီ)

ဆောက်သမ်တန်ကလည်း ပရီးမီးယားလိဂ်မှာ ရလဒ်မ ကောင်းပေမယ့် ဒီပြိုင်ပွဲမှာတော့ ခြေစွမ်းမှန်မှန်နဲ့ ကစားနေပါ တယ်။ ဂရင်းစဘီက ဆောက်သမ်တန်နဲ့ အစစအရာရာကွာခြား လွန်းတယ်။ ဆောက်သမ်တန်နိုင်ပွဲရဦးမယ်။ 

ဘန်လေ – ဖလိဝုဒ် (ကြာသပတေးနံနက် ၂း၀၀ နာရီ)

ဗင်းဆင့် ကွန်ပနီရဲ့ ဘန်လေက လာမယ့်ရာသီပရီးမီးယား လိဂ်မှာ မြင်ရဖို့ ရှိတဲ့အသင်းဖြစ်ပြီး ကွန်ပနီလက်ထက်မှာ အ ရမ်းတိုးတက်လာတဲ့အသင်းပါ။ ဒီပွဲမှာလည်း ဖလိဝုဒ်အသင်းကို လွယ်လွယ်ကူကူပဲ နိုင်လိမ့်မယ်။ 

မန်ယူ  – ဝက်စ်ဟမ်း  (ကြာသပတေးနံနက် ၂း၁၅ နာရီ)

မန်ယူအသင်းက ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းနေတယ်။ အဖက်ဖက်က တိုးတက်နေတယ်။ ယူရိုပါလိဂ် Play-off အဆင့် မှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းနေပြီး လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တယ်။ ဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ Tempo ကို ရပ်တန့်ဖို့က တော်တော်ခက်ပါတယ်။ ဝက်စ်ဟမ်းကိုယ်တိုင်လည်း ခြေ စွမ်းပိုင်း တိုးတက်လာသလို၊ ရလဒ်ကောင်းတွေလည်း ယူလာခဲ့တာကိုတွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ မန်ယူအသင်းရဲ့ ခြေစွမ်း ကိုတော့ ဝက်စ်ဟမ်းအသင်းတားဆီးနိုင်ဖို့ မလွယ်ဘူး။ ပြည်တွင်း ဖလားတစ်လုံးကို ယူပြီးတဲ့နောက် FA ဖလားပွဲမှာလည်း မန် ယူအသင်း နောက်တစ်ဆင့်အတွက် အဆင်သင့်ပါပဲ။ 

ရှက်ဖီးယူနိုက်တက် – စပါး (ကြာသပတေးနံနက် ၂း၃၀ နာရီ)

စပါးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြပြီး ချယ်လ်ဆီးအသင်းကို အနိုင်ကစားခဲ့ တယ်။ အခြား နောက်ပိုင်းပွဲစဉ်တွေမှာလည်း စပါး ကစားတာ တိုးတက်လာပါတယ်။ အသင်းမှာ လူမစုံတဲ့ ပြဿနာရှိပေမဲ့ စပါးအသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက တည်ငြိမ်လာတာကို တွေ့ရတယ်။ ရှက်ဖီးယူနိုက်တက်က ပရီးမီးယားလိဂ်အသင်း ဟောင်းတစ်သင်းအနေနဲ့ ပရိသတ်တွေမှတ်မိကြမှာဖြစ်ပြီး အ ခုအချိန်မှာတော့ စပါးအသင်းနဲ့ အခြေအနေချင်း တော်တော် လေးကွာခြားသွားခဲ့ပါပြီ။ အဝေးကွင်းဆိုပေမဲ့ စပါးပဲ နောက် တစ်ဆင့်တက်မယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments