မန်စီးတီး – ချယ်လ်ဆီး (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဒီရာသီမှာ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့က တော်တော်လေးဆုံတွေ့တယ် ပြောရမယ်။ ပုံမှန် ပရီးမီးယားလိဂ် (၂)ကျော့ အပြင် လိဂ်ဖလားမှာလည်း တွေ့ခဲ့တယ်။ အခု FA ဖလားပြိုင်ပွဲမှာပါ ထပ်မံဆုံတွေ့နေတာဖြစ်တယ်။ လက်ရှိ ခြေစွမ်းပိုင်းကို ကြည့်ရင် မန်စီးတီးလည်း ခြေစွမ်းနည်းနည်းယိမ်းယိုင်နေပါတယ်။ ဂိုးရဖို့အတွက် ဟော်လန်းကို မှီခိုရမှုကလည်း ပိုမိုကြီးမား လာပြီး ဖန်တီးမှုအပိုင်းမှာတော့ အားကောင်းနေဆဲပဲ။ ဒါတောင် ဒီဘရိုင်းနားဆီက မဟုတ်ရင် Half-chances ဖြစ်သွားတာ က များနေတယ်ဆိုတာမျိုးလည်းတွေ့ရတယ်။ ချယ်လ်ဆီးကတော့ အားရစရာမရှိတဲ့ပုံစံနဲ့ ကစားနေတယ်။ ချန်ပီယံလိဂ်ဗိုလ် လုပွဲမှာ မန်စီးတီးကို နိုင်ခဲ့ပြီးကတည်းက ဂိုးသွင်းနိုင်တဲ့ပွဲတောင် မရှိဘဲ ရှုံးပွဲတွေဆက်နေတယ်။ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် ပွဲကို အိမ်ကွင်းမှာ ကစားထားပြီး ရလဒ်မသိရသေးဘူး။ ဒါပေမဲ့ အခု မန်စီးတီးကွင်းမှာ မန်စီးတီး နိုင်ပွဲယူလိမ့်မယ်။
ကာဒစ်ဖ် – လိဒ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ ရလဒ်တွေက သိပ်ပြီးအားရစရာမဟုတ် ဘူး။ ကာဒစ်ဖ်က သရေပွဲတွေ တော်တော်များတာကို တွေ့ရ တယ်။ ရှုံးပွဲနည်းပေမဲ့ နိုင်ပွဲတစ်ပွဲရဖို့ တော်တော်လေးရုန်းကန် နေရတဲ့ အနေအထားဖြစ်တယ်။ အစဉ်အလာပိုင်းအရ ကြည့် ရင်တော့ ဝေးလ်စ်မြို့ခံအသင်းက လိဒ်စ်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တဲ့အသင်းမျိုးပါ။ ဒါပေမဲ့ လက်ရှိ အင်အားအရဆို ရင်တော့ အိမ်ကွင်းဖြစ်နေပေမဲ့ လိဒ်စ်ကို ကာဒစ်ဖ် ယှဉ်နိုင်ဖို့ မလွယ်ဘူး။ လိဒ်စ်ကိုပဲ ကြိုက်တယ်။
နောဝစ်ချ် – ဘလက်ဘန်း (တနင်္ဂနွေည ၈း၃၀ နာရီ)

ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် ကြီးကြီးမားမား မရှိဘူးလို့ ပြောလို့ရတယ်။ အိမ်ကွင်းအားသာချက် အရေးကြီး တယ်လို့ ပြောလို့ရတဲ့ အဆင့်၊ အသင်းတွေလည်းဖြစ်တယ်။ နော ဝစ်ချ်ကို ကြိုက်တယ်။
အက်စတွန်ဗီလာ – စတီဗန်နေ့ချ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

အူနိုင်းအမ်မရီလက်ထက်မှာ အက်စတွန်ဗီလာရဲ့ ခြေ စွမ်းက သိသိသာသာ တိုးတက်လာတယ်။ ဂျရတ်လက်ထက် တုန်းကလည်း အက်စတွန်ဗီလာ ကောင်းတဲ့အချိန်တွေရှိခဲ့ပါ တယ်။ ဒါပေမဲ့ ဒီရာသီမှာ အက်စတွန်ဗီလာ တော်တော်လေး ကျသွားပြီး ခြေစွမ်းမတည်ငြိမ်တာမျိုးကိုလည်း တွေ့ရတယ်။ စတီဗန်နေ့ချ်လို အောက်တန်းအသင်းတစ်သင်းကို အက်စတွန် ဗီလာရဲ့ လက်ရှိခြေစွမ်းနဲ့ကတော့ နိုင်ဖို့မခက်ပါဘူး။ အက်စ တွန်ဗီလာပဲ ဂိုးပြတ်နိုင်လိမ့်မယ်။
အခြားပွဲစဉ်များ






