Thursday, January 22, 2026
spot_img
spot_img

FA ဖလားဆီမီးဖိုင်နယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

 FA ဖလားဆီမီးဖိုင်နယ်

ကိုဗင်ထရီ – မန်ယူ (တနင်္ဂနွေည ၉း၀၀ နာရီ)

ကိုဗင်ထရီက မာရည်ကျောရည် ရှိတဲ့ ဝုလ်ဗ်ကို အဝေးကွင်း မှာ နောက်ကျဂိုးတွေနဲ့ မှော်ဆန်ဆန် အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အသင်း ဖြစ်လို့ လျှော့တွက်လို့မရတာမှန်ပေမဲ့ မန်စီးတီး၊ ချယ်လ် ဆီးတို့နဲ့ ယှဉ်ရင် ယူနိုက်တက်အတွက် လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်တာ သေချာတယ်။ ပရီးမီးယားလိဂ်ကနေ မျှော်လင့်စရာ ရှား ပါးနေချိန်မှာ FA အောင်မြင်မှုက တန်ဟက်ဂ်အတွက် တစ်ခု တည်းသော အလင်းတစ်စ ဖြစ်နိုင်တယ်။ နှစ်နှစ်ဆက် FA ဖိုင် နယ်အတွက် ယူနိုက်တက် သေချာ ပေါက် အနိုင်ကစားမယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)

အဲဗာတန် – နော်တင်ဟမ် (တနင်္ဂနွေည ရး၀၀ နာရီ)


နှစ်သင်းစလုံးရဲ့ ကစားပုံမတည်ငြိမ်သေးဘဲ တန်းဆင်း ဇုန်အနား ရုန်းကန်နေရတယ်။ အဲဗာတန်ရဲ့ အိမ်ကွင်းလုပ်အား နှုန်းက ကောင်းမွန်ပေမယ့် စိတ်ဓာတ်ပိုင်းမှာ နူနိုဆန်တိုရဲ့ နော် တင်ဟမ်က ပိုပြီးသဘောကျစရာကောင်းပါတယ်။ သရေကျဖို့ များပါတယ်။ 

အက်စတွန်ဗီလာ – ဘုန်းမောက် (တနင်္ဂနွေည ၈း၃၀ နာရီ)


အက်စတွန်ဗီလာက ရာသီကုန်ဆုံးခါနီးကျမှ စွမ်းရည် ကျသလိုဖြစ်နေတယ်။ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၈) ပွဲမှာ အက်စတွန်ဗီလာ (၃)ပွဲသာ အနိုင်ရထားပါတယ်။ ဘုန်း မောက်က ရုန်းကန်အားကောင်းပေမယ့် ခံစစ်က အားနည်းချက် များပါတယ်။ ဗီလာတိုက်စစ်သာ တကယ်တမ်းဟန်ချက်မိသွား မယ်ဆိုရင် ဘုန်းမောက် တောင့်ခံနိုင်မယ်မထင်ဘူး။ ဗီလာ (၂) ဂိုးပြတ်နိုင်ပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် – ဝက်စ်ဟမ်း (တနင်္ဂနွေည ၈း၃၀ နာရီ)



ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ဝက်စ်ဟမ်းရလဒ်ကောင်းလေ့ ရှိပါတယ်။ လက်ရှိအချိန်မှာ ဥရောပဝင်ခွင့်အတွက်လည်း ဝက်စ်ဟမ်း အမှတ်လိုနေလို့ ရလဒ်ကောင်းအောင် ဦးတည်ပါ လိမ့်မယ်။ ပဲလေ့စ်က နည်းပြအပြောင်းအလဲဖြစ်ထား ပေမယ့် ရလဒ်တွေသိပ်မပြောင်းသေးဘူး၊ ဝက်စ်ဟမ်းအမှတ်ရမယ်။

ဖူလ်ဟမ် – လီဗာပူးလ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

လီဗာပူးလ်က တိုက်စစ်စွမ်းရည်သံသယဝင်စရာမလို ပေမယ့် ခံစစ်က ဂိုးတွေပြန်ပေးနေရပါတယ်။ ခံစစ်မှာ အာနိုးလ် ကလွဲပြီး ကစားသမားအစုံအလင်ပြန်ပါနေပေမယ့် လီဗာပူးလ် ဂိုးတွေ ပေးနေရတာစိတ်ပျက်စရာပါ။ ဖူလ်ဟမ်က ဘာမျှော် လင့်ချက်၊ ဘာဖိအားမှမရှိပေမယ့် အိမ်ကွင်းဆိုရင် အားစိုက် ကစားတတ်တယ်။ ကစားသမားတွေရဲ့ လုပ်အားနှုန်းကလည်း  ပိုပြီးကောင်းမွန်တတ်တာ မြင်ရတယ်။ အိမ်ကွင်းမှာ အာဆင် နယ်နဲ့ စပါးလို မျှော်လင့်ချက်မြင့်မားတဲ့အသင်းတွေကို ဖူလ် ဟမ်အနိုင်ယူဖူးလို့ ဒီပွဲလည်း လီဗာပူးလ်ကို ဒုက္ခပေးပါဦးမယ်။ ဖူလ်ဟမ် တစ်ဂိုးထက်ပိုမရှုံးနိုင်ပါဘူး။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments