Wednesday, January 14, 2026
spot_img
spot_img

DigitalBits ထံမှ စပွန်ဆာကြေး မရရှိသဖြင့် တရားရင်ဆိုင်သွားရန် အင်တာမီလန်အသင်း စီစဉ်

အင်တာမီလန်အသင်းသည် အဓိကစပွန်ဆာတစ်ခုဖြစ်သည့် DigitalBits ထံမှ စပွန်ဆာကြေးပုံမှန်မရရှိသဖြင့် တရားရင်ဆိုင်၍ တောင်းဆိုသွားရန်စီစဉ်နေကြောင်း သိရသည်။

DigitalBits နှင့် အင်တာမီလန်အသင်းတို့သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းမှစတင်၍ လက်တွဲခဲ့ခြင်းဖြစ်သည်။

DigitalBits နှင့် အင်တာမီလန်အသင်းကြား စပွန်ဆာစာချုပ်တန်ဖိုးမှာ ယူရို (၈၅)သန်းဝန်းကျင်ရှိပြီး အင်တာမီလန်အသင်းအနေဖြင့် DigitalBits အမှတ်တံဆိပ်ကို အကျႌလက်မောင်းတွင် ဖော်ပြလျက်ရှိသည်။

အင်တာမီလန်အသင်းနှင့် DigitalBits တို့ကြားတွင်ကြားခံကုမ္ပဏီအဖြစ် DigitalBits ၏မိခင် Blockchain နည်းပညာကုမ္ပဏီ Zytara Labs ရှိနေပြီး အင်တာမီလန်အသင်းသည် အခြား Blockchain နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Socios နှင့် လက်တွဲဖြုတ်ကာ Zytara Labs နှင့်လက်တွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် Zytara Labs သည် အင်တာမီလန်အသင်းထံပေးချေရမည့် စပွန်ဆာကြေးအား ပေးချေခြင်းမရှိသဖြင့် အင်တာမီလန်အသင်းဘက်က ၎င်းတို့၏အကျႌလက်မောင်းတွင် ဖော်ပြနေသည့် DigitalBits အမှတ်တံဆိပ်ကို ဖယ်ရှားရန်စီစဉ်နေပြီဖြစ်ကြောင်း Corriere della Sera က ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီကြိုကာလတွင် DigitalBits အမှတ်တံဆိပ် ပါဝင်သည့်ဝတ်စုံဖြင့် ခြေစမ်းပွဲ (၂)ပွဲသာကစားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အင်တာမီလန်အသင်းသည် အမျိုးသမီးအသင်းနှင့် လူငယ်အသင်းဝတ်စုံများတွင် DigitalBits အမှတ်တံဆိပ်ဖော်ပြမှုအား ဖယ်ရှားထားကြောင်း အီတလီမီဒီယာအများစုက ဖော်ပြခဲ့သည်။

Zytara Labs ဘက်မှ လက်ရှိအခြေအနေများအတွက် ဖြေရှင်းရန်ကြိုးပမ်းနေသော်လည်း အင်တာမီလန်အသင်းက နစ်နာမှုများအတွက် တရားရင်ဆိုင်ပြီး ပုံမှန်အတိုင်း စပွန်ဆာကြေးရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ နှင့် ၂၀၂၀-၂၁ရာသီနှစ်ခုပေါင်းတွင် ယူရို (၃၄၈)သန်း ဝန်းကျင်အရှုံးပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလအတွင်းက အမေရိကန်အခြေစိုက် Oaktree Capital စီမံခန့်ခွဲမှုကုမ္ပဏီထံမှ ယူရို (၂၇၅)သန်း ချေးယူထားရကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments