Saturday, September 13, 2025
spot_img
spot_img

COVID-19 ရန်ပုံငွေဂေါ့ဖ်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ်နှင့် မန်းနင်းအတွဲ အနိုင်ရပြီး ဒေါ်လာသန်း ၂၀ ရှာဖွေနိုင်ခဲ့

အမေရိကန်နိုင်ငံရှိ COVID-19 ကပ်ရောဂါကယ်ဆယ်ရေး ရန်ပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ကစားသည့် Capital One’s The Match Champions for Chartiy ဂေါ့ဖ်ပြိုင်ပွဲတွင် နာမည်ကြီး ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ် နှင့် NFL ကစားသမားဟောင်း ပေတန်မန်းနင်းတို့အတွဲ အနိုင်ရပြီး ဒေါ်လာသန်း ၂၀ ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ဖလော်ရီဒါပြည်နယ်ရှိ Medalist Golf Club ၌ မေ ၂၄ ရက်က ကျင်းပခဲ့ပြီး တိုက်ဂါးဝုဒ်နှင့် မန်းနင်း၊ ၀ါရင့်ဂေါ့ဖ်ကစားသမား ဖီးလ်မစ်ကယ်လ်ဆင်နှင့် Super Bowl ချန်ပီယံဆု ခြောက်ကြိမ်ရရှိထားသည့် NFL ကစားသမား တွမ်ဘရေဒီတို့က နှစ်ယောက်တစ်တွဲပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ ကြသည်။

၁၈ ကျင်းယှဉ်ပြိုင်ရသည့် Match Play ပွဲစဉ်အဖြစ် ကစားခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ နှစ်ယောက်တွဲအလိုက် ယှဉ်ပြိုင်ရာတွင် တစ်ကျင်းချင်းစီ၌ ပိုမိုကောင်းမွန် သူ၏ရိုက်ချက်ကို ယူရခြင်းဖြစ်သည်။

ယခုပြိုင်ပွဲတွင် ကယ်ဒီများမပါဝင်ဘဲ ကစားသမားများအနေဖြင့် ဘက်ဂီကားကို ကိုယ်တိုင်မောင်းနှင်ခဲ့ရသလို မိုးရွာသွန်းနေသဖြင့် ရာသီဥတုအခြေအနေမှာလည်း ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။

မန်းနင်းနှင့် ဘရေဒီသည် ပရော်ဖက်ရှင်နယ်ဂေါ့ဖ်ကစားသမားများ မဟုတ်သော်လည်း စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီးနောက် တိုက်ဂါးဝုဒ်နှင့် မန်းနင်းအတွဲက တစ်ကျင်းအသာ (1 UP) ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်တွင်လည်း မက်အီရွိုင်း၊ ဒပ်စတင်ဂျွန်ဆင်၊ ရစ်ကီဖောင်လာ၊ မက်သယူးဝုလ်ဖ်စသည့် နာမည်ကြီးဂေါ့ဖ်ကစားသမားလေးဦး ရန်ပုံငွေပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ပေါင်လေးသန်း ရှာဖွေနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments