Wednesday, March 11, 2026
spot_img
spot_img

CIES ၏ ၂၀၂၃ အကောင်းဆုံးအသင်းတွင် မန်စီးတီးကစားသမား (၆)ဦးပါဝင်

ဘောလုံးအချက်အလက်နှင့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော CIES ၏ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးအသင်း ရွေးချယ်မှုတွင် မန်စီးတီးအသင်းမှ ကစားသမား(၆)ဦးအထိပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။


CIES သည် ၂၀၂၃ ခုနှစ်အတွင်း နေရာအလိုက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားများကို ရွေးချယ်ထုတ်ပြန်ခဲ့ပြီး အဆိုပါကစားသမားများဖြင့် အကောင်းဆုံးအသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါရွေးချယ်မှုအရ မန်စီးတီးအသင်းမှ အီဒါဆန်၊ ဝေါ်လ်ကာ၊ အကန်ဂျီ၊ ရူဘင်ဒီယက်စ်၊ ရိုဒရီနှင့် ဟာလန်းတို့ (၆)ဦး ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ကျန်(၅)ဦးမှာ သီယိုဟာနန်ဒက်ဇ်(အေစီမီလန်)၊ ဗယ်လ်ဗာဒီ(ရီးယဲလ်မက်ဒရစ်)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဆာကာ(အာဆင်နယ်)နှင့် ရပ်ရှ်ဖို့ဒ်(မန်ယူ)တို့ဖြစ်သည်။  

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့သောကြောင့် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြသည့် ကစားသမားများမှာ CIES ၏ အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments