Saturday, September 13, 2025
spot_img
spot_img

17th Vietnam Amateur Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲအကြို Official Practice Round တွင် လှိုင်မင်းထက် တစ်ချက်တည်းကျင်းဝင်

Vietnam Golf Association က ကြီးမှူးကျင်းပသော 17th Vietnam Amateur Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးအားကစားသမား လှိုင်မင်းထက်သည် ဇူလိုင် ၂၀ ရက်ကပြုလုပ်သော Official Practice Round တွင် တစ်ချက်တည်းကျင်းဝင်ခဲ့သည်။

ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ Marsh Course တွင် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ၏ Official Practice Round ကို ဇူလိုင် ၂၀ ရက်က ပြုလုပ်ခြင်းဖြစ်သည်။ လှိုင်မင်းထက်သည် Official Practice Round တွင် ကစားဖော်များဖြစ်သည့် Nguyen Bao Long၊ Nguyen Nhat Kong တို့နှင့်အတူ ၁၅၃ ကိုက်ရှိသော ကျင်းအမှတ် ၁၃တွင် XXIO သံတုတ် ၉ ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်း ကျင်းဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲသို့ အရှေ့တောင်အာရှနိုင်ငံများမှ ကစားသမား ၉၀ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Hole In One ရရှိသောကြောင့် လှိုင်မင်းထက်သည် အမေရိကန်ဒေါ်လာ ၄ထောင်နှင့် ညီမျှသော ဗီယက်နမ်ငွေကို ရရှိမည်ဖြစ်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments