ဂျပန် – ကော်စတာရီကာ (တနင်္ဂနွေညနေ ၄း၃၀ နာရီ)

ဂျာမနီအသင်းကို ဂျပန်က ထိုက်ထိုက်တန်တန် အနိုင်ရ ခဲ့တာပါ။ ဂျာမနီရဲ့ ခြေစွမ်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက ဂျပန်ကို အများကြီး အထောက်အကူ ပြုလိမ့်မယ်။ ကော်စတာရီကာကတော့ အဖွင့်ပွဲမှာတင် ရုပ်ပျက်ဆင်းပျက်ရှုံးပြီးပါပြီ။ ဒီပွဲလည်း ဂျပန်ကို ယှဉ်ကစားနိုင်မယ်မထင်ဘူး။ ဂျပန်ကိုပဲ ကြိုက်တယ်။
ဘယ်လ်ဂျီယံ – မော်ရိုကို (တနင်္ဂနွေည ၇း၃၀ နာရီ)

ဒီနှစ်သင်းက တစ်သင်းက ဥရောပ၊ တစ်သင်းက အာဖရိ က အသင်းဖြစ်တယ်။ တစ်သင်းက ကမ္ဘာ့မြောက်ပိုင်း၊ တစ်သင်း က ကမ္ဘာ့တောင်ဘက်အခြမ်းမှာ ရှိတယ်။ ဒါပေမဲ့ ဒါဘီပွဲလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ မော်ရိုကို ကစားသမားအများစုဟာ ဘယ်လ်ဂျီယံမြေကို အခြေပြုထားကြလို့ပါ။ တစ်သင်းနဲ့ တစ် သင်း အကြောင်းသိ ကစားသမားတွေပါတယ်။ မော်ရိုကိုရဲ့ ခံစစ် ကစားပုံကလည်း မာကျောကျစ်လျစ်တယ်။ ဘယ်လ်ဂျီယံနိုင်ဖို့ တော့ရှိတယ်။ ဂိုးမပြတ်နိုင်ဘူး။
ခရိုအေးရှား – ကနေဒါ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ခရိုအေးရှားက မော်ရိုကိုနဲ့ပွဲမှာ တော်တော်လေး ခက်ခက် ခဲခဲ ကစားခဲ့ရတယ်။ ခြေစွမ်းပိုင်းက အသာစီးက ကစားနိုင်ပေ မဲ့ ခရိုအေးရှားရဲ့ တိုက်စစ်က အားပျော့တာတွေ့ရတယ်။ ဒီအ ချက်က ခရိုအေးရှားကို အရင်တုန်းကနဲ့ အသင်းနဲ့ မတူတဲ့ အ ချက်လည်းဖြစ်တယ်။ ဒီပွဲလည်း ကနေဒါကို ခရိုအေးရှား ခက် ခက်ခဲခဲကစားရမှာဖြစ်ပြီး ကပ်နိုင်ဖို့ရှိပါတယ်။
စပိန် – ဂျာမနီ (တနင်္လာနံနက် ၁း၃၀ နာရီ)

စပိန်အသင်းက ကော်စတာရီကာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲမှာ ကစားပုံအရမ်းကောင်းတယ်။ ကော်စတာရီကာရဲ့ က စားပုံ အားနည်းတာလည်းပါပေမဲ့ စပိန်ရဲ့ တစ်ဦးချင်း စွမ်းရည်နဲ့ စုဖွဲ့မှုက အားရစရာပါ။ ဂျာမနီအသင်းကတော့ ဂျပန်နဲ့ ပွဲမှာ မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့ပြီး ဒီပွဲကိုသာ ထပ်ရှုံးမယ်ဆိုရင် အုပ်စုအဆင့်ကနေ ရုပ်ပျက်ဆင်းပျက် ထွက်ရဖို့ များသွားလိမ့် မယ်။ ဒါကြောင့် ဒီပွဲမှာ ဂျာမနီအတွက် အနိမ့်ဆုံးသရေရလဒ် ပိုင်ဆိုင်ဖို့က အရမ်းအရေးကြီးနေပြီး၊ နောက်ဆုံးပွဲမှာ နိုင်ပွဲရဖို့လည်း အရေးကြီးတယ်။ စပိန်ကလည်း နောက်ဆုံးပွဲမှာ ဂျပန်နဲ့ ကစားရမှာဖြစ်လို့ မချောင်ပါဘူး။ ဂျာမနီအသင်းရဲ့ကစားဟန်က စ ပိန်နဲ့ပွဲမှာတော့ အလုပ်ဖြစ်နိုင်ပြီး၊ အခြေအနေအရလည်း ပိုအမှတ်လိုနေလို့ ဂျာမနီကို ကြိုက်တယ်။






