Saturday, September 13, 2025
spot_img
spot_img

၀က်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂိုးနောက်မှာ အောင်ပွဲခံခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ နက်တို

တနင်္လာနေ့ညက ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးချစ်သူတွေ နဲ့ မုန်းတီးသူတွေထံ ဂိုးနောက်မှာအောင်ပွဲခံတာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကိုနောက်ကနေလိုက်ကစားပြီး အနိုင်ရခဲ့တာဖြစ်ပြီး ပယ်လ်မာရဲ့ကန်ချက်က ဝမ်ဘစ်ဆာကာနဲ့ထိကာ ဂိုးဝင်ခဲ့သလို အနိုင်သေချာစေမယ့်ဂိုးကို ပွဲကစားချိန် ၆၄ မိနစ်မှာ နက်တိုက သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် သူအောင်ပွဲခံခဲ့ပုံနဲ့ပတ်သက်ပြီး နက်တိုက “ကျွန်တော်တို့က အသင်းကြီးတစ်သင်းမှာရှိနေတာပါ။ ခင်ဗျားအနိုင်ရမယ်ဆိုရင် အကောင်းဆုံးလို့သတ်မှတ်မှာဖြစ်ပေမယ့် ခင်ဗျားအရေးနိမ့်ရင်တော့ အဆိုးဆုံးလို့ သတ်မှတ်မှာပါ။ အဲ့တာက အလုပ်ကြိုးစားမှု နဲ့ တည်ငြိမ်မှုကို ပြသဖို့လိုအပ်ပါတယ်။ ဆုဖလားတွေအနိုင်ရဖို့ဆိုတာက ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားသိပါတယ်။ ကျွန်တော်တို့ ခံစားရတာတွေရှိပါတယ်။ အဲ့အတွက် ထိပ်ဆုံးနေရာမှာ ရှိနေနိုင်ဖို့ အကောင်းဆုံးလုပ်ဖို့ လိုအပ်ပါတယ်”လို့ နက်တိုက ပြောကြားခဲ့ပါတယ်။

Neto explains why he celebrated after scoring against West Ham

ချဲလ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာကလည်း ဒီနေ့နိုင်ပွဲမှာ အတူတူပေါင်းစပ်နိုင်မှုကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အခုနိုင်ပွဲက ပရိသတ်တွေအတွက် အရေးပါပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ယုံကြည်မှုရှိခဲ့ပြီး အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အသင်းကြီးတစ်သင်းမှာကစားနေတာပါ။ ဆုဖလားတွေအတွက် နိုင်ပွဲတွေလိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းအမှားတွေကနေ သင်ခန်းစာယူပြီး ပြန်လာနိုင်ခဲ့ပါတယ်”လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ မာရက်စ်ကာကလည်း မိမိတို့အသင်းဟာ အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ “ဒီနေ့ပွဲက အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာမှာ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းလို ခံစစ်မှာအထိုင်ချကစားတတ်တဲ့အသင်းနဲ့ရင်ဆိုင်ရတာက မလွယ်ကူပါဘူး။ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ သန်မာဖို့လိုအပ်သလို စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ကန်ချက် ၁၀ ကြိမ်ကျော်ရခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အချို့အခွင့်အရေးတွေဆိုရင် ပွဲကို လုံးဝပြောင်းလဲသွားနိုင်ပါတယ်။ အားလုံးခြုံကြည့်ရင် ကျွန်တော်တို့ နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments