Monday, September 29, 2025
spot_img
spot_img

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများတွင် ဒဏ်ရာရကစားသမားအများဆုံး လိဂ်ပြိင်ပွဲအဖြစ် ပရီးမီးယားလိဂ် ရပ်တည်နေကြောင်း စစ်တမ်းများဖော်ပြ

ပြီးခဲ့သည့်၂၀၂၁-၂၂ ရာသီကို လေ့လာမှု စစ်တမ်းများအရ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲကြီး (၅) ခုထဲတွင် ဒဏ်ရာရကစားသမားအများဆုံး လိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကစားသမားများ၏ ဒဏ်ရာရရှိမှု အကြိမ်အရေအတွက် စုစုပေါင်းမှာ (၁၂၃၁) ကြိမ်အထိရှိခဲ့ပြီး ယင်းဒဏ်ရာရရှိမှုများထဲတွင် ချယ်လ်ဆီးအသင်းက အကြိ်မ်အရေအတွက် အများဆုံးဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဒဏ်ရာရရှိမှု အကြိမ်အရေအတွက် (၉၇) ကြိမ်အထိရှိခဲ့ခြင်းကြောင့် အခြားမည်သည့် ပရီးမီးယားလိဂ်အသင်းထက်မဆို ဒဏ်ရာပြဿနာကို ပိုမိုကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ဒဏ်ရာပြဿနာများကို အများဆုံးကြုံတွေ့ခဲ့ရသလို ဒဏ်ရာရကစားသမားများကြောင့် နစ်နာဆုံးရှုံးရသည့် ငွေကြေးပမာဏမှာလည်း အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ငွေကြေးဆုံးရှုံးမှုမှာ ပေါင် (၁၈၄.၅၇)သန်းအထိ ရှိခဲ့သည်။

ဆိုလိုသည်မှာ ဒဏ်ရာရရှိသည့် အရေအတွက်များသည့်တိုင် လစာနှင့် ပြောင်းရွှေ့ကြေးနည်းပါးသည့် ကစားသမားများ ဒဏ်ရာရပါက ငွေကြေးဆုံးရှုံးမှု နည်းပါးနိုင်သည့်အခြေအနေတွင် ပရီးမီးယားလိဂ်က ငွေကြေးဆုံးရှုံးမှုအများဆုံး နေရာတွင်လည်း ဆက်လက်ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅)ခုပေါင်း၏ ဒဏ်ရာရရှိမှုအရေအတွက် စုစုပေါင်းမှာ (၄၈၁၉) ကြိမ် ရှိခဲ့ပြီး (၂၀၂၀-၂၁) ရာသီနှင့် နှိုင်းယှဉ်ပါက (၂၀) ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်းလည်း သိရှိရသည်။

လေ့လာမှု စစ်တမ်းများအရ ကစားသမားများ၏ ဒဏ်ရာပြဿနာများအတွက် အာမခံကြေးထားရှိမှု ပမာဏမှာလည်း တိုးမြင့်လာခဲ့ပြီး ဥရောပတစ်တိုက်လုံးတွင် အာမခံထားခြင်းအတွက် ငွေကြေးကုန်ကျမှု စုစုပေါင်းမှာ ပေါင် (၅၁၃.၂၃) အထိရှိကာ ပြီးခဲ့သည့်ရာသီထက် (၂၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကစားသမားများ၏ ဒဏ်ရာရရှိမှုအတွက် ငွေကြေးဆုံးရှုံးမှုအများဆုံး ကလပ်အသင်းမှာမူ ပရီးမီးယားလိဂ်ပြင်ပမှ ပြင်သစ်ကလပ် PSG အသင်းဖြစ်ပြီး စုစုပေါင်း ပေါင် (၃၃.၉၅)သန်းအထိ ရှိခဲ့သည်။

ထို့အတူ လိဂ်အနေဖြင့် ပရီးမီးယားလိဂ်က ဒဏ်ရာပြဿနာ အများဆုံးကြုံ တွေ့ခဲ့ရသော်လည်း ဥရောပတစ်တိုက်လုံးတွင် ဒဏ်ရာပြဿနာ အများဆုံးကြုံတွေ့ခဲ့ရသည့်အသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်ပြီး ဒဏ်ရာကြောင့် ကစားသမားများ ပွဲစဉ်လွဲချော်မှုအရေအတွက်မှာ (၁၁၄) ကြိမ်အထိရှိကာ ချယ်လ်ဆီးအသင်းထက် ပိုမိုများပြားခဲ့သည်။

အသက် (၂၁) နှစ်အောက် ကစားသမားများ၏ ဒဏ်ရာရကစားသမား အများဆုံးအသင်းစာရင်းတွင်မူ အာဆင်နယ်အသင်းက ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး ယခင်ရာသီထက် အဆများစွာ တိုးမြင့်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments