ဂျူဗင်တပ်စ်အသင်းက မိမိတို့အသင်းအနေဖြင့် ဥရောပစူပါလိဂ်စီမံကိန်းမှ နုတ်ထွက်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။
၂၀၂၁ ဧပြီတွင် ပရီးမီးယားလိဂ် Big Six အပါအဝင် ဥရောပ (၁၂) သင်းဖြင့် ကျင်းပရန်စီစဉ်ခဲ့သည့် ဥရောပစူပါလိဂ်စီမံကိန်းမှာ ဘောလုံးပရိသတ်များ၏ ကန့်ကွက်မှုကြောင့် ပရီးမီးယားလိဂ် Big Six အသင်းများ ဦးစွာနှုတ်ထွက်ခဲ့ပြီး လက်ရှိတွင် ရီးယဲလ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ (၃) သင်းသာ ကျန်ရှိတော့သည်။

လက်ရှိတွင် ဂျူဗင်တပ်စ်အသင်းက ဥရောပစူပါလိဂ်စီမံကိန်းမှ နှုတ်ထွက်ရန် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းများထံ စာပို့ထားကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။






