Saturday, September 13, 2025
spot_img
spot_img

အေစီမီလန်က ချဲလ်ဆီးမှ ဂျာအိုဖီးလစ်ကို ချဉ်းကပ်နေသလို ဗီလာကလည်း ယူနိုက်တက်မှ ရက်ရှ်ဖို့ဒ်အား ခေါ်ယူရန် စိတ်ဝင်စားနေ

အေစီမီလန်ဟာ ချဲလ်ဆီးမှ ဂျာအိုဖီးလစ်ကို ဝယ်ယူရန်လုပ်ဆောင်မှုက တိုးတက်နေပြီလို့ သတင်းရရှိထားပြီး ဗီလာကလည်း ယူနိုက်တက်မှ ရက်ရှ်ဖို့ဒ်အားခေါ်ယူရန် အာရုံပြောင်းလိုက်ပါတယ်။

Calciomercato ရဲ့ဖော်ပြချက်အရ အေစီမီလန်ဟာ အခြားတိုက်စစ်မှူးတစ်ဦးကို လိုချင်နေပြီး ချဲလ်ဆီး မှ ဂျာအိုဖီးလစ်ကို စိတ်ဝင်စားနေပါတယ်။ ဂျာအိုဖီးလစ်ဟာ ယခုရာသီတွင် မာရက်စ်ကာရဲ့လက်အောက်မှာ ပုံမှန်ကစားခွင့် မရရှိဘဲ ရုန်းကန်နေရပါတယ်။ အဆိုပါသတင်းတွင် အသင်းပြောင်းမှုကိစ္စဟာ တိုးတက်နေပြီလို့လည်း ဖော်ပြထားပါတယ်။ ဗီလာကလည်း ပေါ်တူဂီလက်ရွေးစင် ဂျာအိုဖီးလစ် ကို စိတ်ဝင်စားသော်လည်း တိုက်စစ်မှူး ဒူရန်က အယ်လ်နာဆာသို့ ပြောင်းရွှေ့သွားပြီးနောက် ယူနိုက်တက် မှ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရယူရန် ဆုံးဖြတ်လိုက်ပါတယ်။

AC Milan approach Chelsea's Joao Felix, Villa interested in Man Utd's Rashford

ဂျာအိုဖီးလစ်ဟာ ဩဂုတ်လတွင် အက်သလက်တီကိုမက်ဒရစ်မှ ချဲလ်ဆီး သို့ ပေါင် ၄၅ သန်း (ဒေါ်လာ ၅၅.၈ သန်း၊ ယူရို ၅၃.၈ သန်း) ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း မာရက်စ်ကာရဲ့အသင်းဟာ အသက် ၂၅ နှစ် ဂျာအိုဖီးလစ်နှင့် လမ်းခွဲရန် အဆင်သင့်ဖြစ်နေပြီလို့ ထင်ရပါတယ်။ တစ်ချိန်တည်းမှာပင် ရက်ရှ်ဖို့ဒ်ဟာသူရဲ့ငယ်ဘဝကလပ် ယူနိုက်တက်တွင် မန်နေဂျာသစ် အမ်မိုရင်နှင့် အဆင်မပြေဖြစ်မှုကြောင့် အသင်းမှ ဖယ်ထုတ်ခြင်း ခံထားရပါတယ်။ အပြောင်းအရွှေ့ပြီးဆုံးချိန်မတိုင်မီ ထိုကစားသမား ၂ ဦးစလုံးအတွက် အချိန်က စိတ်ဖိစီးစရာ ဖြစ်နေပြီဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ဟာ ယခုရာသီ ပြိုင်ပွဲစုံ ပွဲ ၂၀ ကစား ၇ ဂိုးသွင်း ဂိုးဖန်တီးမှု ၂ ကြိမ်သာ လုပ်ထားပြီး ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ၃ ပွဲသာ စတင်ပွဲထွက်ကစားခွင့်ရထားပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ အမ်မိုရင် နှင့် အဆင်မပြေဖြစ်မှုကြောင့် ယူနိုက်တက်အတွက် နှစ်လနီးပါး ကစားခွင့်မရခဲ့ပါဘူး။

ဆောင်းရာသီ အပြောင်းအရွှေ့ဟာ တနင်္လာနေ့ ည ၁၁ နာရီတွင် ပိတ်မှာဖြစ်ပြီး ဂျာအိုဖီးလစ် နှင့် ရက်ရှ်ဖို့ဒ်တို့အတွက်ပြောင်းရွှေ့မှုများ ပြီးမြောက်ရန် အချိန်က အလွန်တိုတောင်းနေတာ ဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments