Wednesday, October 29, 2025
spot_img
spot_img

အူဆိုက်ဘက်မှ ဝေဖန်လာချိန်တွင် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ထိုးသတ်မည်ဟု တိုင်ဆန်ဖျူရီ အတည်ပြု

WBA (Super) ၊ IBF နှင့် WBO ချန်ပီယံဖြစ်သူ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ပြုလုပ်သွားမည်ဟု WBC ချန်ပီယံ တိုင်ဆန်ဖျူရီက အတည်ပြုပြောကြားခဲ့သည်။

အူဆိုက်၏ပွဲစီစဉ်သူ အလက်ဇန္ဒားခရက်စ်ယူက မတ်လ(၁၃)ရက်တွင် တိုင်ဆန်ဖျူရီသည် အူဆိုက်ကို ရင်ဆိုင်ရန် ကြောက်ရွံ့နေကြောင်း စကားစစ်ထိုးပြီးနောက် တိုင်ဆန်ဖျူရီက ပွဲနေ့ကိုပါ အတည်ပြုသွားခဲ့ခြင်းဖြစ်သည်။ 

“ပြီးခဲ့တဲ့ရက်တွေမှာ အူဆိုက်နဲ့ သူ့ရဲ့အဖွဲ့ကို ခြိမ်းခြောက်ကျီစယ်တာတွေက ပြီးသွားပါပြီ။ မနက်ဖြန်ဆို ကျွန်တော် လေ့ကျင့်ခန်းစတင်ပြီး လူမှုကွန်ရက် အမြဲသုံးနေ တာကို ရပ်တန့်သွားတော့မှာပါ။ ကျွန်တော့်ရဲ့ Instagram စာမျက်နှာကို Nav (ဖျူရီ၏မိတ်ဆွေ) က ဆက်သုံးပေးနေလိမ့်မယ်။ လေ့ကျင့်ရေးတိုးတက်မှုတွေကို အဲဒီကနေပဲ Update ဆက်တင်ပေးနေမှာပါ။ ဧပြီလ(၂၉)ရက်က အလုပ်ကြိုးစားသူတစ်ဦးအတွက် လုံးဝသေချာပါတယ်။ ဒီပွဲက ဗြိတိန်လက်ဝှေ့သမိုင်းမှာ အကြီးကျယ်ဆုံး လက်ဝှေ့ပွဲဖြစ် ပြီး ရာစုနှစ်ရဲ့ အကောင်းဆုံးလက်ဝှေ့ပွဲလည်း ဖြစ်ပါတယ်။  ရှုံးပွဲမရှိသေးတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံနှစ်ဦး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံလုပွဲထိုးသတ်ပြီး ဒီဝိတ်တန်းမှာ နံပါတ်တစ်ဖြစ်လာရေး ရင်ဆိုင်ကြမှာပါ။ နောက်မှတွေ့ဆုံကြမယ်။ အူဆိုက်လည်း အကောင်းဆုံးလေ့ကျင့်ပါ။ အကောင်းဆုံးသူက အနိုင်ရမှာပါ” ဟု တိုင်ဆိုင်ဖျူရီက ပြောကြားခဲ့သည်။ 

ယင်းပွဲကို လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ထိုးသတ်သွားရန် သေချာသလောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် တိုင်ဆန်ဖျူရီက ၎င်းင်းတို့နှစ်ဦး ထိုးသတ်မည့်ပွဲအတွက် သဘောတူစာချုပ်တွင် အနိုင်ရမည့်သူဘက်မှ မကျေပွဲပြန်ထိုးသတ်ခွင့်ပေးရမည့်အချက်ကို ထည့်သွင်းသွားမည်မဟုတ်ဟုလည်း အတည်ပြုခဲ့သည်။ 

အူဆိုက်သည် တိုင်ဆန်ဖျူရီနှင့်ထိုးသတ်ရန်အတွက် ယင်းပွဲမှ ရရှိမည့်ဝင်ငွေကို ဖျူရီဘက်မှ (၇၀)ရာခိုင်နှုန်းအထိ ရယူမည့် ၃၀-၇၀ ရာခိုင်နှုန်း ခွဲဝေပေးမှုပုံစံကိုပင် အစောပိုင်းကတည်းက သဘောတူထားခဲ့ကြောင်း သတင်းများကဖော်ပြခဲ့ပြီး တိုင်ဆန်ဖျူရီအနေဖြင့်လည်း ယူကရိန်းစစ်ဘေးအတွက် ပေါင် တစ်သန်း ပြန်လှူပေးရမည့် သဘောတူညီချက်ကိုလည်း စာချုပ်တွင်ထည့်သွင်းထားခဲ့ကြောင်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments