Friday, October 17, 2025
spot_img
spot_img

အာဆင်နယ် vs ချဲလ်ဆီး? လီဗာပူး vs တော့တင်ဟမ်? ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းပေးလိုက်တဲ့ လော်ရို

ဖူဟမ် vs မန်စီးတီး


ဖူဟမ်ဟာ မန်စီးတီးကို ပွဲကောင်းတစ်ပွဲ ပေးပါလိမ့်မယ်။ ခရေဗင်ကော့တစ်ခ်ျမှာ ကစားရမှာ ဖြစ်တာကြောင့် ဒီလို ပြောရဲတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ လက်ရှိ အချိန်မှာ အကောင်းဆုံး ပုံစံ ရရှိနေပြီး ထူးချွန်စွာ ကစားနေပါတယ်။ နောက်ဆုံးမှာတော့ ဧည့်သည်အသင်းပဲ နိုင်သွားမှာပါ။

ခန့်မှန်းချက် – ဖူဟမ် ၀-၂ မန်စီးတီး

မန်ယူနိုက်တက် vs အက်စတွန်ဗီလာ


ကျနော်ကတော့ ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ အနိုင်ရရှိသွားလိမ့်မယ်လို့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်တိုက် ကောင်းနေပြီး ဥရောပ ၀င်ခွင့် တစ်နေရာကို ရည်မှန်းထားနိုင်ပါတယ်။ ဒါပေမ့ယ် အိုးထရပ်ဖို့ဒ်မှာတော့ မန်ယူနိုက်တက်ကို အသာရဖို့ မလွယ်လောက်ပါဘူး။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၀ အက်စတွန်ဗီလာ

လီဗာပူး vs တော့တင်ဟမ်


လီဗာပူးဟာ လက်ရှိအချိန်မှာ ၃ ပွဲဆက် နိုင်ပွဲ ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ ဂိုးတွေ လွယ်လွယ်ကူကူ ပေးနေရတာကတော့ ကျနော့်ကို စိုးရိမ်စေပါတယ်။ စပါးဟာ မန်ယူနိုက်တက်နဲ့ ပထမပိုင်းမှာ ခြေစွမ်းဆိုးရွားခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ကောင်းမွန်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဖီးမှာ လီဗာပူးဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲ ရရှိသွားမှာပါ။

ခန့်မှန်းချက် – လီဗာပူး ၂-၀ တော့တင်ဟမ်

အာဆင်နယ် vs ချဲလ်ဆီး


ချဲလ်ဆီးကတော့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပါတယ်။ လူတိုင်းက ချဲလ်ဆီးဟာ လမ်းပတ်ရဲ့ လက်အောက်ကို ရောက်မှ ပွဲတိုင်း ရှုံးနေတယ်ဆိုပြီး ပြောနေကြမယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အနေအထား ဖြစ်နေတာ အဲဒီမတိုင်ခင် ကတည်းကပါ။ ကျနော် ကတော့ ဒီပွဲစဉ်မှာ အာဆင်နယ်ကိုပဲ ရွေးချယ်သွားမှာပါ။ ဂန်းနားတို့ဟာ မန်စီးတီးကို စိတ်ပျက်ဖွယ်ရာ ရှုံးနိမ့်ခဲ့မှုကနေ ပြန်လည် ရုန်းထွက်သွားမှာ သေချာပါတယ်။ ချဲလ်ဆီးကတော့ အတော်လေး ဆိုးရွားတဲ့ ရာသီကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ သူတို့ဆီမှာ plan ကောင်းကောင်း ရှိတဲ့ပုံလည်း မပေါ်ပါဘူး။

ခန့်မှန်းချက် – အာဆင်နယ် ၂-၀ ချဲလ်ဆီး

အခြားပွဲစဉ်များ
ခရစ်စတယ်ပဲလေ့စ် ၁-၁ ၀က်ဟမ်း
ဘရန့်ဖို့ဒ် ၂-၁ နော့တင်ဟမ်ဖောရက်စ်
ဘရိုက်တန် ၁-၁ ဝုဖ်
ဘုန်းမောက် ၁-၂ လိဒ်
နယူးကာဆယ် ၂-၀ ဆောက်သမ်တန်
လက်စတာ ၂-၁ အဲဗာတန်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments