Saturday, October 25, 2025
spot_img
spot_img

အာဆင်နယ် အသင်း ပရိသတ်တွေကို နောင် ၁၀ စုနှစ်တစ်ခုအထိ ခြောက်လှန့်နေမယ့် အခိုက်အတန့် တစ်ခုကို ပြောကြားလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်း နောက်ခံလူဟောင်း ကာရေဂါ က ဒီရာသီမှာ အခိုက်အတန့် တစ်ခုနဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်း ပရိသတ်တွေဟာ နောင် ဆယ်စုနှစ် တစ်ခု အထိ အမြဲ မမေ့နိုင် ဖြစ်နေလိမ့်မယ်လို့ ဆိုလိုက်ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ဒီကြားရက်မှာ ဝော့ာတင်ဟမ်ဟော့စပါး အသင်းကို နှစ်ဂိုးပြတ် အနိုင် ရခဲ့ပြီးနောက် လေးနှစ်ဆက် ချန်ပီယံဆု အတွက် အလွန်အမင်း အခြေအနေ ကောင်းသွားခဲ့ပြီး နောက်ဆုံး ပွဲမှာ ဝက်စ်ဟမ်း အသင်းကို အနိုင်ရတာနဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို သိမ်းပိုက် အောင်ပွဲ ခံနိုင်တော့မှာပါ ။

တော့တင်ဟမ် နဲ့ ပွဲမှာ မန်စီးတီး အသင်းဟာ အကောင်းဆုံး ပုံစံမှာ ရှိမနေခဲ့ပေမယ့် ဟာလန်း ရဲ့ သွင်းဂိုး နှစ်ဂိုး နဲ့ အတူ လိုအပ်နေတဲ့ နိုင်ပွဲကို ရယူ သွားခဲ့တာပါ ။ မန်စီးတီး အသင်း တစ်ဂိုး ဂိုးမရှိ နဲ့ ဦးဆောင် နေချိန်မှာ တော့တင်ဟမ် အသင်းက ဆွန်ဟောင်မင် ဟာ ချေပဂိုး ဖြစ်စေမယ့် အပိုင် အခွင့်အရေး ရခဲ့ပြီး အံ့အားသင့်ဖို့ ကောင်းလောက်အောင် ဂိုးဝင်အောင် သွင်းနိုင်ခဲ့ခြင်း မရှိပါဘူး ။

ကာရေဂါ ကတော့ ဆွန်ဟောင်မင် ရဲ့ လွဲချော်မှု အခိုက်အတန့် ဟာ အာဆင်နယ် ပရိသတ်တွေ နောက်ဆယ်စုနှစ် တစ်ခု အထိ မေ့လို့ မရမယ့် အခိုက်အတန့်မျိုး ဖြစ်တယ်လို့ Sky Sports Podcast မှာ ပြောကြား သွားခဲ့ပါတယ် ။

” တော့တင်ဟမ် က မန်စီးတီး အသင်းကို တခြား အသင်း‌တွေ ထက်ပိုပြီး ဒုက္ခ ပေးနိုင်ခဲ့ပါတယ် ။ အခွင့်အရေးတွေလည်း အများကြီး ဖန်တီး နိုင်ခဲ့ပါတယ် ။ အော်တီဂါ က မန်စီးတီး ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေခဲ့တာပါပဲ ၊ ဒီရာသီမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပဲ ဆိုပေမယ့် အော်တီဂါ သာ အဲ့ဒီ အလုံးကို မကာကွယ် နိုင်ခဲ့ဘူး ဆိုရင် အာဆင်နယ် က ချန်ပီယံ ဖြစ်သွားမှာပါ ။ အဲ့ဒီလောက် အထိကို နီးစပ် ခဲ့တာပါ ။ ”

” လီဗာပူး ပရိသတ် တစ်ဦး အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက လက်စတာ ကို ကွန်ပနီ ရဲ့ ကန်ချက်နဲ့ မန်စီးတီး အနိုင် ရသွားခဲ့တာကို မြင်လိုက်ရသလိုမျိုး အာဆင်နယ် ပရိသတ်တွေ အတွက်လည်း အဲ့ဒီလို ဖြစ်နေမယ့် အခိုက်အတန့်ပါပဲ ။ ”

” ဆွန် ရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုကို အာဆင်နယ် ပရိသတ်တွေ နောက် ၅ နှစ် ၁၀ နှစ် အထိ သတိနေရမှာပါ ၊ နောက် ၅ နှစ်မှာ သူတို့ ချန်ပီယံဆုကို တကယ် ရခဲ့ရင်တောင်မှပေါ့ ၊ အာဆင်နယ် မှာ ရနိုင်တဲ့ အလားအလာလည်း ရှိပါတယ် ။ အာဆင်နယ် က ထိပ်တန်း မန်နေဂျာကောင်း တစ်ဦး ဦးဆောင်နေတဲ့ အသင်းကြီး တစ်သင်းပါ ၊ ဆွန် ရဲ့ အခိုက်အတန့်က အာဆင်နယ် ကို ခြောက်လှန့်နေမယ်လို့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments