Wednesday, October 29, 2025
spot_img
spot_img

အာဆင်နယ် အသင်းထံ လာရောက် ကစားချင်ကြောင်း မီးစိမ်း ထပ်ပြလိုက်တဲ့ မူဒရစ်ခ်

နေမာ လက်သစ် လို့ နာမည်ကြီးနေတဲ့ ရှက်တာဒိုးနက် အသင်း ရဲ့ ယူကရိန်း ကြယ်ပွင့် မူဒရစ်ခ် ကတော့ နောက်ဆုံး ဖြေကြား ခဲ့တဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကစားချင်ကြောင်း အရိပ်အမြွက် ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကတည်းက မူဒရစ်ခ် ကို ခေါ်ယူဖို့ ကြိုးပမ်း နေခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့် မူဒရစ်ခ် ကို ခေါ်ယူချင်နေတဲ့ အသင်းက အာဆင်နယ် တစ်သင်းတည်းတော့ မဟုတ်ပါဘူး ၊ ဥရောပ အသင်းကြီး တော်တော်များများကလည်း လိုချင်နေကြပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မူဒရစ်ခ် ဟာ မနေ့က ဇင်ချန်ကို ရဲ့ဇနီး ဖြစ်သူ Vlada Sedan နဲ့ အင်တာဗျုး ပြုလုပ် ခဲ့ပြီး အာဆင်နယ် အကြောင်း ခုလို ပြောကြား သွားခဲ့ပါတယ် ။ ” ဒါပေါ့ဗျာ ၊ MyScore ကနေ အာဆင်နယ် အသင်းကို စောင့်ကြည့် ဖြစ်ပါတယ် ၊ အာဆင်နယ် အသင်း ကစားတဲ့ အချိန်တိုင်း စောင့်ကြည့် ဖြစ်ပါတယ် ။ ”

” အာဆင်နယ် က ရွေ့လျားအား ကောင်းတဲ့ အသင်း တစ်သင်းပါ ၊ ယေဘုယျ ပြောရရင် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ရုံတင်မကပါဘူး ၊ ဂိုးတွေလည်း သွင်းနိုင်တဲ့ အသင်း ပါ ။ ရီးယဲလ်မက်ဒရစ်မှာ အရန် ကစားသမား အဖြစ် နေမလား ၊ အာဆင်နယ် အသင်း ရဲ့ ပွဲထွက် ကစားသမား ဖြစ်ချင်သလား ဆိုရင် ကျွန်တော်ကတော့ အာဆင်နယ် ရဲ့ ပွဲထွက် ကစားသမားပဲ ဖြစ်ချင်ပါတယ် ။ ”

” ဒါပေမယ့် ဒီမေးခွန်းက ဖြေရ ခက်ပါတယ် ၊ အဘက်ဘက်က စဉ်းစားပြီးမှ ကျွန်တော် ဆုံးဖြတ်ချက် ချသွားမှာပါ ။ အရင်ဦးဆုံး ကျွန်တော့်ကို အသင်းမှာ ပွဲထွက် ကစားခွင့် အာမခံချက် ပေးနိုင်သလား ဆိုတာ သိချင်ပါတယ် ၊ နောက်ပြီး ကျွန်တော့်ကို အသင်းမှာ ဘယ်လို မြင်ထားသလဲ ဆိုတာကို မန်နေဂျာ ဆီက တိုက်ရိုက် ကြားသိချင်ပါတယ် ။ ”

” ကျွန်တော့်ရဲ့ နောက်ထပ် အသင်းသစ်ကို ရွေးချယ်ရာမှာ အသင်းရဲ့ကစားဟန် က အရေးပါပါတယ် ။ အဲ့ဒါက ကျွန်တော့် အတွက် သိပ်ကို အရေးကြီးပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။ ဒါ့အပြင် မူဒရစ်ခ် က အာဆင်နယ် ပရိသတ်တွေဟာ တခြား အသင်းပရိသတ်တွေထက် သူ့ကို ပိုမို အလေးထား စောင့်ကြည့်တာကို သတိထားမိကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

” ကျွန်တော် လုံးဝ အံ့အားသင့်မိတာက အာဆင်နယ် ပရိသတ်တွေ အများအပြား ကျနော့် အကောင့်ကို follow လုပ်ထားကြတာကိုပါပဲ ။ တခြား အသင်း ပရိသတ်တွေက အာဆင်နယ် ပရိသတ်တွေလောက် ကျနော့်အပေါ် စိတ်ဝင်တစား စောင့်ကြည့်တာမျိုး မရှိကြပါဘူး ။ ”

” သူတို့ကတော့ ကျနော့်ကို စောင့်မျှော် အားပေးနေကြောင်း ၊ သူတို့ အသင်းဆီကို လာရောက် ကစားစေချင်ကြောင်း လာလာပြောကြပါတယ် ။ ကျွန်တော် လောလောလတ်လတ် တင်ထားတဲ့ post မှာဆို သူတို့ ရေးထားကြတာ မှတ်ချက် ၅၀၀ ကျော်လောက်ကို ရှိပါတယ် ။ “လို့ ပြောကြား ခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments