Wednesday, November 5, 2025
spot_img
spot_img

အာဆင်နယ် ကို ပြောင်းချင်နေတဲ့ ဒက်ကလန်ရိုက်စ် ကို သတိပေးစကားဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူး နောက်ခံလူဟောင်း ဂျေမီကာရေဂါ က ဒက်ကလန်ရိုက်စ် အနေနဲ့ အာဆင်နယ် အသင်း ကို ပြောင်းမယ်ဆိုရင် ဆုဖလား အောင်မြင်မှု ရဖို့ မသေချာကြောင်း သတိပေး စကား ပြောကြား သွားခဲ့ပါတယ် ။ ဝက်စ်ဟမ်း အသင်းနဲ့အတူ ကွန်ဖရန့်လိဂ် ရယူခဲ့ပြီးနောက် ရိုက်စ်ဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ် ။

ရိုက်စ် ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့အသင်းကို ပြောင်းရွှေ့ကစားချင်နေပြီး လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းက ခေါ်ယူဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေပါတယ် ။ ကာရေဂါ ကတော့ အာဆင်နယ် နဲ့ သတင်းတွေ ထွက်နေတဲ့ ရိုက်စ် ကို ခုလို သတိပေး စကားဆို သွားခဲ့ပါတယ် ။

” ဒက်ကလန်ရိုက်စ် ကလည်း ဟယ်ရီကိန်း နဲ့ အခြေအနေတူတူပါပဲ ၊ သူတို့တွေက ချန်ပီယံလိဂ် ကိုရော ပရီးမီးယားလိဂ် ကိုရော စိန်ခေါ် နိုင်စွမ်း မရှိတဲ့ အသင်းတွေမှာ ကစားနေရတာပါ ၊ မန်စီးတီး ကိုသာ မသွားရင် သူတို့ လိုချင်တဲ့ ဆုဖလား အောင်မြင်မှုတွေ ရမယ်ဆိုတဲ့ အာမခံချက် ရှိမနေပါဘူး ။ ”

” ရိုက်စ် က အဲ့ဒီပြိုင်ပွဲ မှာ ကစားချင်တဲ့ အခွင့်အရေး ရချင်တာကို ကျနော် နားလည်ပါတယ် ၊ ဒါပေမယ့် ကျနော်တို့ မေးခွန်းထုတ် ရမှာက အာဆင်နယ် က နောက်နှစ်မှာလည်းပြီးခဲ့တဲ့ နှစ်လို consistent ဖြစ်ပြီး အင်အားအကြီးဆုံးအသင်းတွေ ကို challenge ထပ်လုပ်နိုင်မလား ဆိုတာပါ ၊ ဘာကြောင့်ဒီလို ပြောရသလဲဆိုရင် အာဆင်နယ် က အဲ့ဒီလို မလုပ်နိုင်တာ ကြာပြီလေ ။ ”

” ကျနော်က ရိုက်စ် ချဲလ်ဆီးကိုပဲ ရောက်မယ်လို့ ထင်ထားခဲ့တာပါ ၊ ဒါပေမယ့် သူ အခု အာဆင်နယ် ကို သွားပါတော့မယ် ၊ အာဆင်နယ် က သူ အရင် အသင်းနဲ့ ယှဉ်လိုက်ရင်တော့ သူ့ရဲ့ ကစားသမား ဘဝ တဆင့်မြင့်သွားစေမယ့် အသင်းဆိုတာ သေချာပါတယ် ၊ ဒါပေမယ့် အာဆင်နယ် နဲ့ အတူ ဆုဖလားအောင်မြင်မှုကြီးတွေ ရလိမ့်ဆိုတဲ့ အာမခံချက်တော့ မရှိဘူးပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments