အာဆင်နယ်အသင်းသည် အသင်းနောက်ခံကစားသမား ဆာလီဘာအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးကြောင်း သိရှိရသည်။
အာဆင်နယ်နှင့် ချုပ်ဆိုထား သည့် ဆာလီဘာ(၂၂ နှစ်)၏စာချုပ် မှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် အာဆင်နယ်၌ တစ်ပတ်လစာ ပေါင် (၄၀၀၀၀) ရရှိနေပြီး အသင်းဘက်က တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀)ဖြင့် စာချုပ် သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသည်။

သို့သော် ယင်းလစာမှာ ဆာလီဘာ အလိုရှိနေသည့်လစာနှင့် များစွာကွာဟနေကြောင်း သိရသည်။ ယင်းအခြေအနေတွင် PSG အသင်းက ဆာလီဘာကို ခေါ်ယူရန် စောင့်ကြည်နေကြောင်းသိရသည်။






