Saturday, September 13, 2025
spot_img
spot_img

အာဆင်နယ်မှာ ရာသီကုန်အထိ ဆက်ရှိနေမယ့် ဂျော်ဂျင်ဟို

သတင်းတွေအရ အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုတစ်ယောက် ဖလာမင်ဂိုအသင်းနဲ့အကြိုသဘောတူညီမှုရရှိခဲ့ပေမယ့် နွေရာသီမှသာ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ အာဆင်နယ် နဲ့ မကြာခင်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့် အီတလီသားဟာ ပြည်ပကလပ်အသင်းတစ်ခုနဲ့ အကြိုသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး ဖလာမင်ဂိုနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဘက်က ဂျော်ဂျင်ဟိုကို အခုဆောင်းဈေးကွက်ထက် လာမယ့်နွေမှသာ အလွတ်နဲ့ လက်လွှတ်ဖို့ ဆူံးဖြတ်ထားတာဖြစ်ပါတယ်။ လက်ရှိရာသီမှာ အာဆင်နယ်ဟာ လီဗာပူးအသင်းနဲ့ အမှတ်ပေးချန်ပီယံဆုအတွက် အားပြိုင်နေရပြီး လူအင်အားတောင့်တင်းဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ အီတလီသတင်းထောက် ဂါလက်တီကတော့ ဖလာမင်ဂိုဟာ အခုနွေရာသီမှာ ဂျော်ဂျင်ဟိုကိုခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်သားဟာ ဘရာဇီးသားကို လာမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဂျော်ဂျင်ဟိုအနေနဲ့ ဖလာမင်ဂိုအသင်းထံပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် လာမယ့်ဇွန်လမှာကန်မယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဘရာဇီး နဲ့ အီတလီနွယ်ဖွယ် ဂျော်ဂျင်ဟိုဟာ ဒီရာသီ သောမက်စ်ပါတေး နဲ့ မာရီနိုတို့ရောက်လာတာကြောင့် နေရာပျောက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျော်ဂျင်ဟိုဟာ အာဆင်နယ်ရဲ့ဒီရာသီအရေးပါတဲ့ကစားသမားအဖြစ်တော့ ရှိနေဆဲဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments