အင်္ဂလန်ဂိုးသမားဟောင်း ဖော်စတာက အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်ကို ရွေးချယ်ခြင်းမရှိသည့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ဝေဖန်ပြောကြားခဲ့သည်။

ဆောက်ဂိတ်သည် ယူရို-၂၀၂၄ ခြေစစ်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းကို ရွေးချယ်ရာတွင် ညာနောက်ခံနေရာ၌ ပါရမီရှင်ကစားသမားများ ပေါများသည် ဟုဆိုကာ ဘင်ဝှိုက်ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

ဖော်စတာက “ဆောက်ဂိတ်နဲ့ ဘင်ဝှိုက်တို့အကြား တစ်ခုခုရှိနေတာ သေချာပါတယ်။ ဘင်ဝှိုက်ဟာ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ဒီလိုခြေစွမ်းကောင်းတဲ့ ကစားသမားကို သေချာပေါက်ရွေးချယ်သင့်တာပါ”ဟု ပြောကြားခဲ့သည်။






