ပြင်သစ်ကလပ် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် ၎င်း၏ငယ်ဘဝအသင်းဟောင်းဖြစ်သည့် ဆီဗီလာအသင်းထံ ပြန်လည်ပြောင်းရွှေ့ ဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။
အသက် (၃၇)နှစ်အရွယ်ရှိ ရာမို့စ်သည် ဆီဗီလာအသင်းလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၄-၀၅ ရာသီတွင် ဆီဗီလာအသင်းကြီးအတွက် ပါဝင်ကစားခွင့်ရခဲ့ကာ ၂၀၀၅ နွေရာသီတွင် ရီးယဲလ်အသင်းထံသို့ ယူရို (၂၇)သန်း (ထိုစဉ်က စပိန်နောက်ခံလူများထဲတွင် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သည်) ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

လက်ရှိတွင် ရာမို့စ်အားခေါ်ယူရန်အတွက် ဥရောပထိပ်တန်းအသင်းကြီးအချို့နှင့် ဆော်ဒီအာရေဗျကလပ်အသင်းများမှာ စိတ်ဝင်စားနေသော်လည်း ကစားသမားကိုယ်တိုင်က ဥရောပတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဆီဗီလာအသင်း၏ အားကစားဒါရို်က်တာသစ်ဖြစ်သူ ဗစ်တာအော်တာကလည်း ရာမို့စ်အားကြိုဆိုကြောင်းနှင့် ရာမို့စ်မှာ မိမိတို့အသင်းအတွက် အရည်အသွေးကောင်းများ ယူဆောင်လာမည့်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။







