Friday, January 16, 2026
spot_img
spot_img

အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ကျေနပ်မိတယ်လို့ ဆိုလိုက်တဲ့ မာရက်စ်ကာ

ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းက (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းအရတော့ အားရ ကျေနပ်မိတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အိမ်ရှင် ချယ်လ်ဆီးနဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးတို့ ရင်ဆိုင်တွေ့ဆုံကြပြီး ဧည့်သည် မန်စီးတီးက ဟာလန်း ချယ်လ်ဆီးကစားသမားဟောင်း ကိုဗာဆစ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ရှုံးပွဲတွေ့ခဲ့ပေမယ့် အသင်းရဲ့ ပုံစံကောင်းတွေကိုတော့ ပြသနိုင်ခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့သာ ရှုံးနိမ့်ခဲရတာ ဖြစ်ပါတယ်။

ဒီပွဲဟာ မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာရဲ့ တပည့်ကျော် မာရက်စ်ကာအတွက် ချယ်လ်ဆီး နည်းပြဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး အသင်းကိုလည်း အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပေမယ့် သူ့ဆရာ ဂွာဒီယိုလာကိုတော့ မယှဉ်နိုင်ခဲ့ပဲ (၂)ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက “ကျွန်တော်တို့က ပွဲကစားချိန် တော်တော်များများမှာ ကောင်းကောင်း ယှဉ်ပြိုင်ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်။ သူတို့လောက် မကောင်းရင်တောင်မှ သူတို့ ယှဉ်ပြီးကစားနိုင်ခဲ့တယ်။ စွမ်းဆောင်ရည်ကောင်းတွေ ရှိခဲ့ပေမယ့်လည်း ရလာတဲ့ အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ဘူး။”

“ကျွန်တော်တို့ နှစ်သင်းကြားက အကြီးမားဆုံး ကွာခြားချက်ဆိုရင်တော့ ပင်နယ်တီ ဧရိယာထဲမှာလို့ ပြောရမှာပါ။ သူတို့ကတော့ ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်အားရမိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့က ချန်ပီယံတွေနဲ့ ရင်ဆိုင်ခဲ့ရတာ။”

“ကျွန်တော် ဒီပွဲအတိုင်း ဆက်လက် ကစားသွားမှာ ဖြစ်ပြီးတော့ နိုင်ပွဲတွေကိုလည်း ရယူသွားမှာပါ။ နောက်ပြီး ကျွန်တော်က ဒီပွဲမှာ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကောင်းတွေ (၂)ကြိမ် (၃)ကြိမ်အထိ ရှိခဲ့ပေမယ့်လည်း သူတို့အသင်းက ထိန်းထိန်းသိမ်းသိမ်း ကစားပြနိုင်တဲ့ နေရာမှာ တကယ့်ကို ဆရာတစ်ဆူလိုပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments