Saturday, September 13, 2025
spot_img
spot_img

အသင်းဖော်ဟောင်းကို အားပေးနေတဲ့ နံပတ် ၁ ပရိသတ်ဖြစ်တယ်လို့ ဘာပေ အခိုင်အမာဆို

ရီးရဲလ်စတား ဘာပေက မိမိဟာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း ဒမ်ဘီလီရဲ့နံပတ် ၁ ပရိသတ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒမ်ဘီလီဟာ ဒေါ့မွန်မှာတုန်းက တောက်ပခဲ့ပေမယ့် ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် ဘာစီလိုနာကနေထွက်ခွာပြီး ၂၀၂၃ နွေရာသီမှာ ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့ပါတယ်။

အင်းနရစ်လက်အောက်မှာ ဒမ်ဘီလီတစ်ယောက် ပုံမှန်ခြေစွမ်းပြန်ရလာခဲ့ပြီး ဒီရာသီ ၂၆ ပွဲမှာ ၁၉ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အခုအပတ်မှာ ဒမ်ဘီလီဟာ ပီအက်စ်ဂျီသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဟက်ထရစ် ၂ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘာပေက အခုချိန်မှာ သူ့သူငယ်ချင်းဖြစ်သူရဲ့စွမ်းဆောင်ရည်ကောင်းတွေကို သဘောကျနေပြီး အမာခံပရိသတ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Real Madrid star Mbappe has said he is his former PSG teammate Dembele number one fan.

“နိုး။ ကျွန်တော် မအံ့သြပါဘူး။ ကျွန်တော်က သူ့ရဲ့နံပတ် ၁ ပရိသတ်ပါ။ သူ့အရည်အချင်းကို အသက် ၁၄ နှစ်ကတည်း ကျွန်တော်သိပြီးသားပါ။ သူ့မှာ စိတ်ပိုင်းဆိုင်ရာသန်မာမှုရှိပါတယ်။ အဲ့တာက ဂိုးရှေ့မှာ သူ့ကိုပိုသက်တောင့်သက်သာဖြစ်စေပါတယ်။ သူက ထိပ်တန်းကစားသမားပါ။ နည်းပြထားတဲ့နေရာအပေါ်မှာမူတည်ပြီး သူက တိုးတက်လာပါတယ်။ ပီအက်စ်ဂျီမှာ သူအကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

အခုလက်ရှိအခိုက်အတန့်မှာ သူ့ကိုတားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုစွမ်းဆောင်ရည်ကို သူဆက်ထိန်းပြီး နိုင်ပွဲအများကြီးယူနိုင်ဖို့ မျှော်လင့်ပါတယ်””လို့ ဘာပေက ပြောကြားခဲ့ပါတယ်။ ဒမ်ဘီလီဟာ အခုရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဒီရာသီအသင်းရဲ့ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒမ်ဘီလီဟာ သံသယရှိသူတွေမှားယွင်းကြောင်း သက်သေပြဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments