Monday, October 20, 2025
spot_img
spot_img

အသင်းခေါင်းဆောင်သစ်အဖြစ် လာမာစီယာအကယ်ဒမီထွက် ကွင်းလယ်လူ ဆာဂျီရောဘတ်တိုကို ဘာစီလိုနာအသင်းခန့်အပ်

ဘာစီလိုနာအသင်းသည် လစ်လပ်သွားသည့် အသင်းခေါင်းဆောင်နေရာအတွက် ကွင်းလယ်လူ ဆာဂျီရောဘတ်တိုကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်အသင်းခေါင်းဆောင်ဖြစ်သူ ဘူးစကွက်စ်မှာ ယခုနွေရာသီတွင် လမ်းခွဲ၍ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ 

ထို့ကြောင့် ၎င်း၏နေရာအတွက် လာမာစီယာအကယ်ဒမီထွက် ကစားသမားဖြစ်သူ ကွင်းလယ်လူ ဆာဂျီရောဘတ်တို (၃၁ နှစ်) ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

ဆာဂျီရောဘတ်တိုသည် အသက် ၁၄ နှစ်အရွယ်ကတည်းက ဘာစီလိုနာအကယ်ဒမီသို့ ရောက်ရှိလာသူဖြစ်ပြီး စီနီယာအသင်း အတွက် ပြိုင်ပွဲစုံ ၃၄၉ ပွဲကစားကာ ၁၆ ဂိုးသွင်းယူပေးထားသည်။ 

ဆာဂျီရောဘတ်တိုသည် ဘူးစကွက်စ်ရှိစဉ်ကတည်းက ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနှင့် ပြီးခဲ့သည့် မတ်လတွင် ၂၀၂၄ အထိ စာချုပ်သစ် ချုပ်ဆိုထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments