Saturday, November 8, 2025
spot_img
spot_img

အသင်းကိုပြန်လည်တည်ဆောက်ရန်အတွက် ဆိုးလ်ရှားလက်ထက်က ကစားသမားများကိုရောင်းထုတ်ပြီး ငွေရှာရန် မန်ယူနည်းပြ တန်ဟက်ဂ် စီစဉ်

မန်ယူနည်းပြ တန်ဟက်ဂ်သည် အသင်းကိုပြန်လည်တည်ဆောက်ရန်အတွက် ယခုနွေရာသီတွင် နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်က ကစားသမားများကို ရောင်းထုတ်ပြီး ငွေရှာသွားရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

တန်ဟက်ဂ်သည် မန်ယူနည်းပြ ပထမဆုံးရာသီမှာပင် လိဂ်ဖလား ရယူနိုင်သလို၊ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။

သို့သော် တန်ဟက်ဂ်သည် လာမည့် ၂၀၂၃-၂၄ ရာသီသစ်အတွက် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေပြီး လက်ရှိတွင် ချယ်လ်ဆီးကွင်းလယ်ကစားသမား မေဆန်မောင့်အား ခေါ်ယူရန် နီးစပ်နေပြီဖြစ်သလို၊ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုလည်း နံပါတ် (၁) ပစ်မှတ်အဖြစ် ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

သို့သော် လက်ရှိတွင် မန်ယူအသင်း၏ အရောင်းအဝယ်ကိစ္စမှာ မတင်မကျဖြစ်နေသလို၊ ကစားသမားသစ်များ ခေါ်ယူမည်ဆိုပါက အသင်း၏လစာငွေပမာဏကိုလည်း လျှော့ချရမည်ဖြစ်သည်။

ထို့ကြောင့် တန်ဟက်ဂ်သည် ယခင်နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်က ကစားသမားများကို ယခု နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ပြီး ငွေရှာသွားရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီက အငှားချခဲ့သည့် ဂိုးသမား ဒင်းန်ဟန်ဒါဆန်၊ ဘာယီ၊ ဘရန်ဒန်ဝီလျံစ်နှင့် တဲလက်စ်တို့ကို ရောင်းထုတ်ရန် စီစဉ်နေသလို၊ ဆိုးလ်ရှားလက်ထက်တွင် အဓိကကစားသမားများဖြစ်သည့် မက်ဂွိုင်းရား၊ တွမ် မီနေး၊ ဖရက်ဒ်နှင့် မာစီယဲလ်တို့ကိုလည်း ရောင်းထုတ်လိုနေကြောင်း သိရှိရသည်။

တန်ဟက်ဂ်သည် ယခုနွေရာသီတွင် ထိပ်တန်းကွင်းလယ်လူ (၂) ဦးနှင့် ထိပ်တန်းတိုက်စစ်မှူး (၁) ဦးတို့ကို ခေါ်ယူရန် စီစဉ်နေသလို၊ နာပိုလီအသင်းတွင် ခြေစွမ်းပြခဲ့သည့် တောင်ကိုရီးယားနောက်ခံလူ ကင်မင်ဂျေးကိုလည်း စာချုပ်လျော်ကြေးပေးချေကာ ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments