Wednesday, March 11, 2026
spot_img
spot_img

အလုပ်နှင့် ဘဝကို ခွဲခြားနိုင်ခဲ့ပြီးနောက် မိမိသည် ပိုကောင်းသည့်နည်းပြ ဖြစ်လာပြီဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကြုံးဝါး

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိသည် အလုပ်နှင့် လူနေမှုဘဝကို ခွဲခြားနိုင်ခဲ့ပြီးနောက် အရင်ကထက် ပိုကောင်းသည့် နည်းပြဖြစ်လာပြီဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဂွါဒီယိုလာ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ဇွန်လတွင် ကုန်ဆုံးဖြစ်သည်။ သို့သော် ဂွါဒီယိုလာက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့် စာချုပ်သစ်ချုပ် ဆိုဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။

ပရီးမီးယားလိဂ်တွင် ဂွါဒီယိုလာ၏မဟာပြိုင်ဘက်ဖြစ်သူ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၎င်းအနေဖြင့် ခွန်အားမရှိတော့ဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု ကြေညာထားသည်။ သို့သော် ဂွါဒီယိုလာကမူ မိမိအနေဖြင့် အလုပ်နှင့် လူနေမှုဘဝကို ခွဲခြားထားနိုင်ခြင်းကြောင့် နည်းပြဘဝကို ကြာရှည်ခံအောင် လုပ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက “ကျွန်တော်က အလုပ်နဲ့ ဘဝကို ခွဲခြားပြီး ဘယ်အချိန်မှာ အလုပ် လုပ်မယ်။ ဘယ်အချိန်မှာ တော့ အလုပ်ကို ဖြတ်ထားမယ်ဆိုတာကို သိလာတာကြောင့် ကျွန်တော်ဟာ ပိုပြီးကောင်းတဲ့ နည်းပြဖြစ်လာပါပြီ။ ဘာစီလိုနာတုန်းကတော့ အလုပ်အကြောင်းပဲ တစ်ချိန်လုံးတွေးနေတာပါ။ အခုတော့ ကျွန်တော့်အနေနဲ့ ဆိုဖာမှာ အေးဆေးထိုင်ပြီး ဘောလုံးအကြောင်း မတွေးဘဲ TV ကြည့်နိုင်ပါပြီ။ အရင်ကတော့ လိုအပ်ချက်တွေ ရှိမှာစိုးလို့ အလုပ်အကြောင်းပဲ တစ်ချိန်လုံးတွေးနေခဲ့တာပါ။ အဲဒါ မှားမှန်း အခုတော့ ကျွန်တော် သိသွားပါပြီ။ ဒါက ရိုးရိုးလေးပါပဲ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments