Tuesday, October 28, 2025
spot_img
spot_img

အယ်လ်ဗာရက်ဇ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ Comeback နိုင်ပွဲရယူခဲ့တဲ့ အေတီကို

အက်သလက်တီကိုမက်ဒရစ် ၂-၁ လေဗာကူဆင် (ပွဲပြီးရလဒ်)

အခုပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ကစားသမားတစ်ဦးထုတ်ပယ်ခံခဲ့ရသလို ဟင်ကာပီရဲ့ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးခဲ့ရလို့ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အေတီကိုက အပြောင်းအလဲအနည်းငယ်ပြုလုပ်ပြီး ပြိုင်ဘက်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာပဲ တန်ပြန်တိုက်စစ်မှတဆင့် အယ်လ်ဗာရက်ဇ်က အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ လေဗာကူဆင်ခံစစ်ကစားသမားဟင်ကာပီလည်း နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံရလို့ နှစ်သင်းလုံး ကစားသမားတစ်ဦးလျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ အယ်လ်ဗာရက်ဇ်ကပဲ အေတီကိုအတွက် အဖိုးတန်အနိုင်ဂိုးကို ပြိုင်ဘက်ခံစစ်မှူးတွေရဲ့အမှားမှတဆင့် အလှပဆုံးသွင်းယူပေးခဲ့ပါတယ်။ အခုအိမ်ကွင်းနိုင်ပွဲနဲ့အတူ အေတီကိုက အမှတ်ပေးဇယားတတိယနေရာအထိ တက်လှမ်းလာပြီး ရှုံးထွက်အဆင့်တိုက်ရိုက်တက်ရောက်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ

အတ္တလန္တာ ၅-၀ စတန်ဂရာဇ်
မိုနာကို ၁-၀ အက်စတွန်ဗီလာ
ဘင်ဖီကာ ၄-၅ ဘာစီလိုနာ
ဘိုလော့ဂ်နာ ၂-၁ ဒေါ့မွန်
ဘရုဂေး ဝ-၀ ဂျူဗင်တပ်စ်
ဇီဗက်ဒါ ၂-၃ ပီအက်စ်ဗွီ
လီဗာပူး ၂-၁ လိုင်လီ
ဆလိုဗန် ၁-၃ စတုဂတ်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments