Wednesday, November 5, 2025
spot_img
spot_img

အမေရိကန်ကို ရောက်လာဖွယ်ရှိတဲ့ ဘာစီလိုနာ ခံစစ်မှူးအယ်လ်ဘာ

အင်တာမိုင်ယာမီအသင်းသည် ဘာစီလိုနာအသင်းခံစစ်ကစားသမား ဂျော်ဒီအယ်လ်ဘာကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ၎င်းကို အေတီကို၊ အင်တာမီလန်အသင်းနှင့် ဆော်ဒီမှ ကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။

အသက် ၃၄ နှစ်အရွယ်ရှိ အယ်လ်ဘာသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၄တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း တစ်နှစ်စော၍ စာချုက်ဖျက်သိမ်းကာ  အသင်းမှ ထွက်ခွာရန် သဘောတူညီမှုရရှိထားပြီဖြစ်သည်။

နေးရှင်းလိဂ်ဗိုလ်လုပွဲ ပွဲစဉ်များအပြီးတွင် အယ်လ်ဘာသည် ၎င်း၏ကလပ်အသင်းအနာဂတ်ကို ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း လက်ရှိအချိန်အထိ ဘာကိုမျှ ဆုံးဖြတ်ချက်ချမှတ်ထားခြင်း မရှိသေးဘဲ ဖြစ်နိုင်ချေအားလုံးကိုထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်းလည်း မီဒီယာများက ဖော်ပြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments