Saturday, September 13, 2025
spot_img
spot_img

အန်းစလော့လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် မာဒါရှီဗီလီနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေတဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းက အခုနွေရာသီ၊ ပထမဆုံးကစားသမားသစ်ခေါ်ယူမှုအဖြစ် ဗလန်စီယာမှထွက်ခွာလာဖွယ်ရှိတဲ့ ဂိုးသမားမာမာဒါရှီဗီလီအတွက် အပြောင်းအရွှေ့သဘောတူညီမှုရယူနိုင်ဖို့ နီးစပ်နေပါပြီ။

မာဆေးဆိုဒ်ဒေသခံကလပ်က အခုနွေရာသီဈေးကွက်မှာ အတော်လေးတိတ်ဆိတ်နေတဲ့ အသင်းတစ်ခု ဖြစ်ပေမယ့် လက်ရှိမှာ နည်းပြသစ်အန်းစလော့လက်ထက် ပထမဆုံးကစားသမားသစ်ခေါ်ယူမှုဖြစ်လာနိုင်တဲ့ ဗလန်စီယာဂိုးသမားမာမာဒါရှီဗီလီအတွက် ဆွေးနွေးမှုတွေ ရှေ့တိုးဆောင်ရွက်လာပြီလို့ Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် ကစားသမားက လီဗာပူးဆီ အမှန်တကယ်ပြောင်းရွှေနိုင်ရေး စောင့်ဆိုင်းသွားရဖွယ် ရှိနေပါတယ်။ ဂိုးသမားအနေဖြင့် ၂၀၂၅ ခုနှစ်၊ အန်ဖီးလ်ဆီမထွက်ခွာခင် အခုသဘောတူညီမှုရဲ့တစိတ်တပိုင်းအဖြစ် နောက်တစ်ရာသီကြာ၊ ဗလန်စီယာမှာ အငှားဖြင့် ဆက်ရှိနေရပါလိမ့်မယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ဦးစားပေးဂိုးသမားအဖြစ် အလီဆင်၊ အရန်ဂိုးသမားအဖြစ် ကလယ်ဟာ ဆက်ရှိနေပါဦးမယ်။ ဒါပေမယ့် လီဗာပူးဘက်ကလည်း ဒီဂိုးသမားနှစ်ဦးအနက် တစ်ဦးဦးနေရာမှာ အစားထိုးနိုင်မယ့် မာမာဒါရှီဗီလီနဲ့အတူ အနာဂတ်ဆီ မျှော်မှန်းကြည့်ရှုနေပါတယ်။ အလီဆင်က လာမယ့်အောက်တိုဘာလမှာ အသက်-၃၂ နှစ်ပြည့်မြောက်ပြီး အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။ တဖက်မှာလည်း ကလယ်ဟာက ပွဲထွက်ဂိုးသမားအဖြစ် အခန်းကဏ္ဍတစ်ခုလိုချင်တယ်လို့ အခုနွေရာသီကာလအတွင်း ထုတ်ဖော်ဝန်ခံခဲ့ဖူးပါတယ်။

မာမာဒါရှီဗီလီက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျော်ဂျီယာအသင်းအတွက် လေးပွဲပါဝင်ကစားပြီး ဂိုးပေါက်ကာကွယ်မှု အကြိမ် ၃၀ အထိ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က ယူရို-၂၀၀၈ ပြိုင်ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၃၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ရုရှားဂိုးသမား အာကင်ဖိဗ်နောက်ပိုင်း ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ဒုတိယအကောင်းဆုံးစွမ်းဆောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မာမာဒါရှီဗီလီအနေဖြင့် လီဗာပူးဆီ ယူရိုသန်း ၄၀ ဝန်းကျင်သဘောတူညီမှုဖြင့် ရောက်ရှိလာမယ်လို့ မျှော်လင့်ရပေမယ့် ပရိသတ်တွေကတော့ သူ့ကို အသင်းဂျာစီနဲ့မြင်တွေ့ရဖို့ စောင့်ဆိုင်းရနိုင်ပါတယ်။ အခုသီတင်းပတ်ကုန်၊ အန်ဖီးလ်မှာ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရချိန် အန်းစလော့လက်အောက် အသင်းရဲ့ဂိုးပေါက်မှာ အလီဆင်ကပဲ ဆက်လက်တာဝန်ယူသွားရပါလိမ့်မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments