လီဗာပူးဟာ တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ်သို့ သွားရောက် ကစားရမှာဖြစ်ပြီး အနောက်မြောက်ဒါဘီတွင် စလော့အတွက် ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။
နယ်သာလန်နည်းပြဟာ အန်ဖီးလ်တွင် အံ့အားသင့်ဖွယ်ကောင်းစွာ စတင်နိုင်ခဲ့ပြီး ပထမဆုံးနှစ်ပွဲတွင် အင်းဆွစ်တောင်း နှင့် ဘရန်ဖို့ဒ်တို့ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အဝေးကွင်းပွဲက အခက်ခဲဆုံးစမ်းသပ်မှုဖြစ်မှာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ် အိုးထရက်ဖို့ဒ်သို့ ရောက်လာပြီးကတည်းက တန်ဟက်ဟာ ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။

အဆိုပါစံချိန်က ဒီရက်သတ္တပတ်မှာ ဆက်ရှိနေဦးမယ်လို့ ယုံကြည်ထားပြီး Sky Sports သို့ “ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးပွဲကြီးပါပဲ။ လီဗာပူးက ယူနိုက်တက်ထံသို့ သွားရောက်ပြီး ရလဒ်ကောင်းကို ရယူရမှာ ဖြစ်ကာ မင်းက ယူနိုက်တက်ပရိသတ်ဆိုရင် ဒါဟာဆုဖလားဖိုင်နယ်ပါပဲ”
“ယူနိုက်တက်က ဖူလ်ဟမ်နဲ့ပွဲမှာ ကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ သူတို့ကံမကောင်းခဲ့လို့ဖြစ်ပြီး ဂါနာချိုရဲ့ ကန်ချက်က ဒီကာဇီရဲ့ဒူးကိုထိခဲ့ပေမယ့် အဲဒီပွဲကို မရှုံးသင့်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ သရေပွဲနဲ့ ဝေးရာကို ရောက်သွားတာပါပဲ”

“ယူနိုက်တက်က ဒီပွဲရှုံးတာကို မမြင်ပါဘူး။ ယူနိုက်တက်က လီဗာပူးကို ပြဿနာဖြစ်စေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲက ၂-၂ ဂိုး သရေကျရင် ပျော်စရာကောင်းမယ်ထင်တယ်” လို့ မာဆင်က ပြောပါတယ်။
မာဆင်ရဲ့ ခန့်မှန်းချက်က လီဗာပူးဟာ ကလော့ကနေ စလော့သို့ နည်းဗျူဟာကျကျ ပြောင်းလဲခဲ့ခြင်းအပေါ် အခြေခံထားပြီး ယူနိုက်တက်ဟာ ယခင်နည်းပြရဲ့ တိုက်စစ်ပုံစံကို ရင်ဆိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း နည်းပြသစ်ရဲ့ အတွေးအခေါ်ကိုတော့ ရင်ဆိုင်နိုင်မယ်လို့ ပြောထားပါတယ်။
“လီဗာပူးဟာ အခုအချိန်မှာ မတူညီတဲ့အသင်းတစ်သင်းဖြစ်ပြီး ကလော့ရဲ့ပုံစံအတိုင်း ကစားမှာမဟုတ်ပါဘူး”
“နည်းပြက သူ့ကိုယ်ပိုင်အကြံဥာဏ်တွေနဲ့ ဝင်လာပြီး သူက ပိုခိုင်မာတယ် ပိုသတိရှိပါတယ်။ သူတို့ရဲ့ရှေ့တန်းမှာ ထူးချွန်တဲ့ ကစားသမားတွေရှိပါတယ် အဲ့ဒီမှာ နည်းပြက စိတ်ကြိုက်လုပ်လို့ရပါတယ်”
“ယူနိုက်တက်က ဘောလုံးကိုင်ပြီး ကစားရတဲ့ပွဲကို မလိုချင်ပါဘူး ဒါကြောင့် ယူနိုက်တက်လက်ထဲကို ဝင်လာပြီး နည်းနည်း ပိုလုံခြုံအောင် ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက အဆုံးအထိ ကစားရမယ့်ဘောလုံးပွဲ ဖြစ်ခဲ့ရင် လီဗာပူးဟာ ကွင်းထဲမှာ ခြိမ်းခြောက်မှုပိုများပြီး ပိုကောင်းတဲ့ ကစားသမားတွေ ရှိနေပါတယ်”
“ဒါဆို ကျွန်တော့်အတွက်ကတော့ ဒါက ယူနိုက်တက်ရဲ့လက်ထဲသို့ ရောက်သွားသလိုပါပဲ။ လီဗာပူးက အဝေးကွင်းမှာ ကစားရမယ့် ပုံစံပါပဲ။ ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲတစ်ပွဲဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့ရင်တောင် ကွင်းထဲက တိုက်စစ်ကစားသမားတွေမှာ အရည်အချင်းတွေ အများကြီးရှိပါတယ်” လို့ အာဆင်နယ်အိုင်ကွန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ချီဆာကို ခေါ်ယူဖို့ လုပ်နေပြီး နှစ်သင်းလုံးရဲ့ ပွဲဦးထွက်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန် အပြောင်းအရွှေ့ဈေးကွက်တွင် အလွန်တက်ကြွနေပြီး ပီအက်စ်ဂျီမှ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ အူဂါတီကို ပေါင် ၅၀.၇ သန်းဖြင့် ခေါ်ယူထားပါတယ်။






