Saturday, September 13, 2025
spot_img
spot_img

အန်ဂန်နူ၏ လစ်လပ်သွားသည့် UFC ဟဲဗီးဝိတ်တန်းခါးပတ်လုပွဲအဖြစ် ဂျွန်ဂျုံးစ်နှင့် စီရယ်ဂါနေး ထိုးသတ်မည်

UFC ဟဲဗီးဝိတ်တန်းချန်ပီယံ အန်ဂန်နူ၏ လစ်လပ်သွားသည့် ရွှေခါးပတ်ဆုအတွက် အမေရိကန်ကစားသမား ဂျွန်ဂျုံးစ်နှင့် ပြင်သစ်ကစားသမား စီရယ်ဂါနေးတို့ မတ် ၄ ရက်တွင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

UFC သည် ဟဲဗီးဝိတ်တန်းချန်ပီယံ အန်ဂန်နူနှင့် စာချုပ်ဖျက်သိမ်းပြီး ရွှေခါးပတ်ကို ပြန်လည်သိမ်းဆည်းခဲ့သောကြောင့် ချန်ပီယံနေရာ လစ်လပ်သွားခြင်းဖြစ်သည်။ UFC ဥက္ကဋ္ဌဖြစ်သူ ဒေနာဝှိုက်က အန်ဂန်နူကို UFC ဟဲဗီးဝိတ်တန်းသမိုင်းတစ်လျှောက် စံချိန်တင်ငွေကြေးဖြင့် ကမ်းလှမ်းသော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ဂျွန်ဂျုံးစ်နှင့် ဂါနေးတို့ ထိုးသတ်မည့် UFC 285 ပွဲစဉ်ကို မတ် ၄ ရက်တွင် T-Mobile Arena ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၅ နှစ်ရှိပြီဖြစ်သူ ဂျွန်ဂျုံးစ်သည် ယခင်က လိုက်ဟဲဗီးဝိတ်တန်းတွင်သာ ထိုးသတ်ခဲ့ပြီး ဂါနေး နှင့်ပွဲစဉ်မှာ ၎င်း၏ ဟဲဗီးဝိတ်တန်းပွဲဦးထွက်ပွဲစဉ်ဖြစ်သည်။

ဂျွန်ဂျုံးစ်အနေဖြင့် ၂၀၂၀ ဖေဖော်ဝါရီတွင် ဒေါ်မီနစ်ရေးယက်စ်ကို အနိုင်ယူပြီးနောက် UFC နှင့် ငွေကြေးပေးချေမှုကိစ္စ သဘောထားကွဲလွဲခဲ့သဖြင့် ချန်ပီယံခါးပတ် စွန့်လွှတ်ကာ ပြိုင်ပွဲများနှင့် သုံးနှစ်ကြာ ဝေးကွာနေသူဖြစ်သည်။

ဂျွန်ဂျုံးစ်သည် အစောပိုင်းတွင် အန်ဂန်နူနှင့် ထိုးသတ်ရန် လျာထားခံရသော်လည်း အန်ဂန်နူ၏ စာချုပ်သစ်ကိစ္စ အဆင်မပြေခဲ့သောကြောင့် လစ်လပ်လျက်ရှိသည့် ချန်ပီယံနေရာအတွက် ဂါနေးနှင့် ထိုးသတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments