Saturday, September 13, 2025
spot_img
spot_img

အစုရှယ်ယာဝင်တစ်ဦး၏ ဝီဂါဆိုင်ရာမှတ်ချက်များသည် အဖွဲ့နှင့် မသက်ဆိုင်ကြောင်း အမေရိကန် ဘတ်စကတ်ဘောအသင်း ငြင်းဆို

အမေရိကန်နို်ငငံအဆင့် ဘတ်စကတ်ဘောအသင်း (NBA) ၏ အဖွဲ့ဝင်ဖြစ်သော Golden State Warriors ဘတ်စကတ်ဘောအသင်းရှယ်ယာရှင်တစ်ဦးက တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသတွင် ဖိနှိပ်မှုများကြုံတွေ့နေရသည့် မွတ်စလင်လူနည်းစု ဝီဂါများကို မည်သူမျှကမှ ဂရုမစိုက်ဟု ပြောဆိုခဲ့ခြင်းသည် အသင်းကို ကိုယ်စားမပြုကြောင်း အဆိုပါ အသင်းက ဇန်နဝါရီ ၁၇ ရက် တွင် ထုတ်ပြန်လိုက်သည်။

Warriorsတွင် အစုရှယ်ယာအနည်းငယ် ပိုင်ဆိုင်သည့် ဘီလျံနာ ချာမက်ပါလီဟက်ပီတီယာသည် ဇန်နဝါရီ ၁၅ ရက်က ထုတ်လွှင့်ခဲ့သည့် “All-In” အမည်ရ တွေ့ဆုံမေးမြန်းခန်း၌ ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်လွှင့်မှု၌ ပါလီဟက်ပီတီယာ၏ တွဲဖက်အစီအစဉ်မှူး နည်းပညာစွန့်ဦးတီထွင်သူ ဂျေဆင်ကယ်လာကန်းနစ်က ဝီဂါများအပေါ် အမေရိကန်အစိုးရ၏ ထောက်ခံမှုအပါအဝင် သမ္မတ ဂျိုးဘိုင်ဒင်၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒများကို ချီးကျူးခဲ့သော်လည်း ၎င်းမူဝါဒများက ရွေးကောက်ပွဲကို အကူအညီမဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ပါလီဟက်ပီတီယာက “ဝီဂါတွေဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ ဂရုမစိုက်ပါဘူး။ ဟုတ်တယ်နော်။ ခင်ဗျားတို့က ဒီအကြောင်းကို တကယ် အလေးထားလို့ ပြောကြတာ။ အလေးထားတာကောင်းပါတယ်။ ကျွန်တော်တို့ကတော့ ဂရုမစိုက်ဘူး” ဟု ပြောဆိုခဲ့သည်။

Warriorsအသင်းက ၎င်းတို့နှင့် ပါလီဟက်ပီတီယာ၏ ပြောဆိုမှုကို လျှော့ချပြောဆိုခဲ့သည်။

“Warriors အသင်းနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မရှိတဲ့ နည်းပါးတဲ့ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ မစ္စတာပါလီဟက်ပီတီယာဟာ ကျွန်တော်တို့အသင်းကိုယ်စား ပြောဆိုခဲ့တာမဟုတ်ပါဘူး။ သူ့အမြင်တွေဟာ ကျွန်တော်တို့အသင်းရဲ့ အမြင်တွေကို ထင်ဟပ်ခြင်းမရှိပါဘူး” ဟု အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် ဝီဂါနှင့် အခြားတိုင်းရင်းသားလူနည်းစု ၁ သန်းခန့်ကို အကျဉ်းထောင်များနှင့် အကျဉ်းထောင်များတွင် ထိန်းသိမ်းထားပြီး တရုတ်အာဏာပိုင်များက ထိုကိစ္စအား အစွန်းရောက်ဝါဒကို နှိမ်နင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဟု ပြောဆိုခဲ့သည်။

ထိုသို့အကြီးအကျယ်နှိမ်နင်းမှုကြောင့် နိုင်ငံတကာ၏ ဝေဖန်သံများကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်အစိုးရသည် စခန်းများကို အသုံးပြုကာ အတင်းအကျပ်သားကြောဖြတ်ခိုင်းခြင်းများ ပြုလုပ်ခြင်းဖြင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments