Tuesday, October 28, 2025
spot_img
spot_img

အင်္ဂလန် နဲ့ ပွဲအပြီး ပြိုင်ဘက် ကစားသမား တစ်ဦးရဲ့ခြေစွမ်းကို တခုတ်တရ ချီးကျူး သွားခဲ့တဲ့ တာဒစ်

ဆားဘီးယား အသင်း ရဲ့ အသင်း ခေါင်းဆောင် တာဒစ် က အင်္ဂလန် အသင်းကို အရေး နိမ့်ခဲ့ရတဲ့ ယူရို ဖွင့်ပွဲ အပြီးမှာ ပြိုင်ဘက် ကစားသမား ဘယ်လင်ဂမ် ဟာ ဘာလွန်းဒေါ ရဖို့ လုံးဝ ထိုက်တန် လွန်းတဲ့ ကစားသမား ဖြစ်တယ်လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ်။

ဘယ်လင်ဂမ် ဟာ ဆားဘီးယား နဲ့ ပွဲမှာ ဆာကာ ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး အင်္ဂလန် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ်။ ဘယ်လင်ဂမ် ဟာ ပြီးခဲ့တဲ့ ရာသီမှာ ရီးယဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၂၃ ဂိုး အထိ သွင်းယူပြီး လာလီဂါ နှင့် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင် ခဲ့ပါတယ် ။

ဆားဘီးယား နဲ့ ပွဲမှာ အင်္ဂလန် အတွက် ဂိုးသွင်း နိုင်ခဲ့တာကြောင့် အိုဝင် နောက်ပိုင်း ကမ္ဘာ့ဖလား နှင့် ယူရို ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ အသက် ၂၁ နှစ်အောက်နဲ့ ဂိုးသွင်း နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အင်္ဂလန် နဲ့ ပွဲမှာ ဆားဘီးယား အတွက် လူစားဝင် ကစားခဲ့တဲ့ တာဒစ် က အုပ်စု ဂ မှာ ဘယ်လင်ဂမ် ဟာ အသင်းတွေကြားမှာ ခြားနားမှု ဖြစ်စေတဲ့ ကစားသမား လား ဆိုတဲ့ မေးခွန်း အပေါ် ” ဒါပေါ့ဗျာ ၊ သေချာပေါက်ပါပဲ ၊ သူက ထိပ်တန်း ကစားသမား ၊ ထိပ်တန်း ကိုယ်ရည်ကိုယ်သွေး ရှိတဲ့ ကစားသမား တစ်ဦးပါ ။ သူ့မှာ ဘာလွန်းဒေါ ဆုရဖို့ အရည်အသွေး အားလုံး ပိုင်ဆိုင် ထားပါတယ် ။ ”

” ဒီနေ့ သူ လုပ်ပြ သွားခဲ့တဲ့ အရာတွေ အားလုံးကလည်း တကယ် ကောင်းပါတယ် ။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသ သွားခဲ့သလို အင်္ဂလန် အသင်းကို နောက်တစ်ဆင့် ရောက်အောင်လည်း ဆွဲတင် နိုင်ခဲ့ပါတယ် ၊ သူက ဘောလုံးကို လက်ခံဖို့ အမြဲ အဆင်သင့် ဖြစ်နေပြီး ပွဲကောင်း တစ်ပွဲကို ကစား နိုင်ခဲ့ပါတယ် ။ ”

” လူငယ် ကစားသမား အတွက် အရေးအကြီးဆုံးအရာက ကိုယ့်တာဝန်ကိုယ် ကောင်းကောင်း ယူတတ်တာပါပဲ ။ သူ့ဆီမှာ ဒီလိုမျိုး မြင်ရတာ သိပ်ကောင်းပါတယ် ၊ သူက အောင်ပွဲ ဆာလောင်စိတ် ပြင်းပြသူဆိုတာ ခင်ဗျားတို့လည်း တွေ့ကြမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments