Thursday, October 2, 2025
spot_img
spot_img

အက်သလက်တီကိုနှင့်ပွဲမှ အောင်ပွဲခံသည့်ပုံစံကြောင့် ဂါရတ်ဘေးလ် ၁၂ ပွဲအထိ ပွဲပယ်ခံရဖွယ်ရှိ

ရီးယဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်သည် အက်သလက်တီကိုအသင်းနှင့် ဒါဘီပွဲမှ အောင်ပွဲခံသည့်ပုံစံကြောင့် စုံစမ်းစစ်ဆေးခံရမည်ဖြစ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ၁၂ ပွဲ ပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားသည့် မက်ဒရစ်ဒါဘီပွဲတွင် ဧည့်သည်ရီးယဲလ်အသင်းက (၃-၁) ဂိုးဖြင့်အနိုင်ရပြီး ဘေးလ်သည် လူစားဝင်လာပြီးနောက် ဒုတိယပိုင်း ၇၃ မိနစ်တွင် တတိယအနိုင်ဂိုးသွင်းယူပေးခဲ့သည်။

၎င်းသည် ဂိုးသွင်းယူပြီးနောက် ယာဘက်လက်အား ဝဲဘက်လက်ဖြင့် ခုတ်ဖြတ်သည့်ပုံစံပြုလုပ်၍ အောင်ပွဲခံခဲ့သောကြောင့် လာလီဂါအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

Gareth Bale waved his right hand by his head

ယင်းပုံစံမှာ စပိန်နိုင်ငံ၌ ပြင်းထန်စွာစော်ကားသည့်အပြုအမူမျိုးဖြစ်သောကြောင့် ဘေးလ်အနေဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက အနည်းဆုံးတစ်ပွဲမှ သုံးပွဲပယ်ပြစ်ဒဏ်အပြင် လေးပွဲမှ ၁၂ ပွဲပယ် ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

ရီးယဲလ် အသင်းသည် ဖေဖော်ဝါရီ ၂၇ ရက်နှင့် မတ် ၂ ရက်တွင် စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင် နယ် ဒုတိယအကျော့နှင့် လာလီဂါပွဲစဉ်အဖြစ် El Clasico ပြိုင်ဘက် ဘာစီလိုနာအသင်းအား အိမ်ကွင်းနှစ်ပွဲဆက်တိုက် လက်ခံကစား ရမည်ဖြစ်ရာ ၎င်းပွဲပယ်ခံရပါက တိုက်စစ်ပိုင်းအခက်အခဲများ ရင်ဆိုင်ရဖွယ်ရှိနေသည်။

ထို့ပြင် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း အေဂျက်စ်နှင့်ပွဲမှ ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်၏ အဝါကတ်ပြစ်ဒဏ်အတွက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ရာမို့စ်သည် အဝါကတ်ပြသ၍ ပွဲပယ်ခံရစေရန် ရည်ရွယ်ချက် ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရပြီး ဖေဖော်ဝါရီ ၂၈ ရက် ကြားနာစစ်ဆေးမှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments