Saturday, November 8, 2025
spot_img
spot_img

အက်သလက်တီကိုတွင် မိမိရော၊ မိသားစုပါ အလွန်ပျော်ရွှင်နေသည်ဟု ဂရီးဇ်မန်း ဆို

PSG အသင်းမှခေါ်ယူရန် စိတ်ဝင်စားနေသည့် အက်သလက်တီကိုအသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂရီးဇ်မန်း (၃၂ နှစ်)က မိမိနှင့် မိမိ မိသားစုမှာအက်သလက်တီကိုအသင်းတွင် အလွန်ပျော်ရွှင်နေကြောင်းပြောကြားခဲ့သည်။

ဂရီးဇ်မန်းသည် ပြီးခဲ့သည့်ရာသီက အက်သလက်တီကိုအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူဖြစ်ပြီး ၎င်းနှင့် အက်သလက်တီကိုအသင်းကြား စာချုပ်လျော်ကြေးမှာလည်း ယူရို (၂၅)သန်းသာရှိသောကြောင့် ဥရောပအသင်းကြီးများမှ  ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။ 

”ကျွန်တော်ရော ကျွန်တော့်မိသားစုပါ ဒီမှာ အရမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော် အက်သလက်တီကိုအသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ရယူချင်ပြီး ချန်ပီယံလိဂ်မှာလည်း ထူးခြားတာတစ်ခုခု လုပ်ပြချင်ပါတယ်” ဟု ဂရီးဇ်မန်းက ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments