Wednesday, October 29, 2025
spot_img
spot_img

ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲအတွက် တိုင်ဆန်ဖျူရီနှင့် အူဆိုက် တို့အကြား ဆွေးနွေးမှုများရှိနေဆဲဟု သတင်းများထွက်ပေ

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီနှင့်WBA (Super),IBF,WBo နှင့် IBO ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အိုလက်ဇန္ဒားအူဆိုက်တို့ ထိုးသတ်မည့် ချန်ပီယံပေါင်းစည်းပွဲကို ၂၀၂၃ ခုနှစ် အစောပိုင်း၌ ဆော်ဒီအာရေဗျနိုင်ငံတွင် ပြုလုပ်ရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ဧပြီလက ဒယ်လီယန်ဝှိုက်ကို တိုင်ဆန်ဖျူရီ အနိုင်ယူအပြီး (၄)လအကြာတွင် အူဆိုက်က အန်သိုနီဂျိုရှူအာကို ထပ်မံအနိုင်ထိုးပြီးနောက် ချန်ပီယံပေါင်းစည်းပွဲကို ယခုနှစ်မကုန်မီ ထိုးသတ်ဖြစ်လိမ့်မည်ဟု သတင်းများထွက်ပေါ် ခဲ့သည်။ သို့သော် အူဆိုက်က ယင်းပွဲအတွက် ပြင်ဆင်ချိန်ပိုမိုယူရန်ဆန္ဒရှိပြီး ယခုနှစ်ကုန်အထိ လက်ဝှေ့ကြိုးဝိုင်းသို့ ပြန်လာရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားပြီးနောက် ယင်းပွဲနှင့်ပတ်သက်သည့် သတင်းများ ငြိမ်သက်သွားခဲ့သည်။

တိုင်ဆန်ဖျူရီ မှာလည်း ကြားကာလ ချန်ပီယံကာကွယ်ပွဲအတွက် ပြိုင်ဘက်ဖြစ်သူကို အပူတပြင်း ရှာဖွေခဲ့ရပြီး လာမည့် ဒီဇင်ဘာ(၃)ရက်တွင် ပရီးမီးယားလိဂ်ဘောလုံးကလပ် တော့တင်ဟမ်ဟော့စပါးကွင်း၌ ဒဲရက်ချီဆိုရာနှင့် တတိယအကြိမ်မြောက် ထိုးသတ်ရန် စီစဉ်ခဲ့သည်။

“ခါးပတ်လေးခုအတွက် မတ်လအတွင်း ဆော်ဒီအာရေဗျမှာ အူဆိုက်နဲ့ ထိုးသတ်ဖို့ ဖျူရီအတွက် ဆွေးနွေးမှုတွေ ဆက်ရှိနေတယ်လို့ ကျွန်တော် ပြောလိုပါတယ်” ဟု လက်ဝှေ့သတင်း ထောက် မိုက်ကော်ပင်ဂါက ESPN ၏ ” Man of Boxing ” အစီအစဉ်တွင် ပြောကြားခဲ့သည်။ ဖျူရီ – အူဆိုက်ပွဲသာ ဆော်ဒီအာရေဗျတွင် ထိုးသတ်ဖြစ်လျှင် ယင်းနိုင်ငံ၌ ပြုလုပ်သည့် တတိယမြောက် မေဂျာဟဲဗီးဝိတ်လက်ဝှေ့ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ အစောပိုင်းနှစ်ပွဲမှာ ဂျိုရှူအာ၏မကျေပွဲများဖြစ်ပြီး အန်ဒီရုဇ်ဂျူနီယာ၊ အူဆိုက်တို့ နှင့် ထိုးသတ်ခဲ့သည်။

ဖျူရီသည် ဆော်ဒီအာရေဗျ တွင် လက်ဝှေ့ပွဲ မထိုးသတ်ဖူးသော်လည်း ၂၀၁၉ အောက်တိုဘာလက မြို့တော် ရီယာ့ဒ်၌ WWE Pay-per-view နပန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ဖူးကြောင်း သိရသည်။ ဖျူရီအနေဖြင့် ချီဆိုရာကို ပထမဆုံး တွေ့ဆုံမှုအဖြစ် ၂၀၁၁ ခုနှစ်က အမှတ်ဖြင့်အနိုင်ယူပြီး (၃)နှစ်အကြာ ၂၀၁၄ ခုနှစ်၌မူ ချီဆိုရာမှာ (၁၀)ချီမြောက်တွင် အရှုံးပေးသွားခဲ့ခြင်း

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments