ဘိုင်ယန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်သည် စပါးတိုက်စစ်မှူး ဟာရီကိန်းနှင့် လန်ဒန်မြို့ရှိ တူဟယ်လ်၏နေအိမ်တွင် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်သူ ဟာရီကိန်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ရန်သာ ဦးစားပေးစဉ်းစားနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်သို့ ဟာရီကိန်းပြောင်းရွှေ့လာရန် အသင်း၏စီမံခန့်ခွဲမှုဘုတ်အဖွဲ့ဝင် ရူမင်နစ်ဂီက သိမ်းသွင်းစည်းရုံးထားပြီးဖြစ်သည်ဟုလည်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဟာရီကိန်းအား ပေါင်သန်း (၆၀)ဖြင့် ပထမအကြိမ်ကမ်းလှမ်းမှုကို စပါးအသင်းမှ ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့အား အပြီးသတ်နိုင်ရန်အတွက် ပေါင်သန်း (၈၀)ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။