ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အသင်းတောင်ပံကစားသမား ဟာဇက်နှင့် သိပ်မရင်းနှီ်းကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဟာဇက်သည် ဘယ်လ်ဂျီယံရုပ်သံ RTBF နှင့်အင်တာဗျူးတွင် ၎င်းတို့အကြား လေးစားမှုရှိသော်လည်း တစ်ဦးနှင့် တစ်ဦး စကားမပြောဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဟာဇက်သည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၉၆) မိနစ်သာ ကစားထားရပြီး အန်ဆယ်လော့တီလက်ထက်တွင် ပွဲကစားခွင့် ပျောက်ဆုံးနေသူဖြစ်သည်။

ဟာဇက်၏ အင်တာဗျူးနှင့်ပတ်သက်ပြီး လီဗာပူးလ်နှင့်ပွဲကြိုမီဒီယာတွေ့ ဆုံမှုတွင် သတင်းထောက်၏မေးမြန်းမှုကို အန်ဆယ်လော့တီက ”ဟာဇက်က အရမ်းကိုရိုးသားသူပါ။ ကျွန်တော်တို့နှစ်ဦး စကားသိပ်မပြောဖြစ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ စရိုက်ကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ က သူများအမြင်ကို အလေးထားသူတွေဖြစ်ပြီး ဆက်ဆံရေးက အေးခဲနေတာ မဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။







