Saturday, September 13, 2025
spot_img
spot_img

ဟယ်ရီကိန်းရဲ့အရည်အသွေးနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို ရက်ရက်စက်စက်ပြန်လည်တုံ့ပြန်ခဲ့တဲ့ မူလာ

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သောမတ်စ်မူလာက အသင်းဖော်ဟယ်ရီကိန်းရဲ့အရည်အသွေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေလို့ ရက်ရက်စက်စက်ပြန်လည် တုံ့ပြန်ဖြေကြားလာခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ဟယ်ရီကိန်းက သူ့ရဲ့ကစားသမားဘဝတစ်လျှောက် တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံးတိုက်စစ်မှူးလားဆိုတဲ့ မေးခွန်းကို မူလာက ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူးတိုင်းဟာ သူ့ပုံစံနဲ့သူ အသုံးဝင်ကြတယ်လို့ ဖြေကြားခဲ့ပါတယ်။

ယခုရာသီမှာ ကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကို ပြသထားပြီး လက်ရှိကစားထားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၁၀ ဂိုးအထိသွင်းယူထားနိုင်တဲ့အပြင် ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်ဟာ လက်ရှိကစားထားတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ရထားပြီး တိုက်စစ်ပိုင်းကလည်း ၄ ပွဲမှာ ၁၆ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

မူလာက “တိုက်စစ်မှူးတွေမှာ အကောင်းဆုံးဆိုတာမရှိပါဘူး။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အကြိုက်ဆုံးပီဇာကဘာလဲ၊ အကြိုက်ဆုံးအစားအစာကဘာလဲဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေမေးခံခဲ့ရဖူးပါတယ်။ ဒါကလည်း အဲဒီလိုမေးခွန်းတွေထဲကတစ်ခုပါပဲ။ ဘယ်တိုက်စစ်မှူးက အသင်းဖော်တွေနဲ့ အံဝင်ခွင့်ကျအဖြစ်ဆုံးလဲ၊ ဘယ်သူက ပြိုင်ဘက်အတွက်ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးလဲ ဒီလိုမေးခွန်းတွေမေးလို့ရပါတယ်။ အခုလို အကောင်းဆုံးတိုက်စစ်မှူးက ဘယ်သူလဲလို့တော့ မေးလို့မရပါဘူး။ ထိပ်တန်းတိုက်စစ်မှူးတွေကို နှိုင်းယှဉ်တဲ့အခါမှာ အားလုံးက ကွာခြားမှုတွေရှိပါတယ်။ တိုက်စစ်မှူးတစ်ယောက်က အလိမ်အခေါက်မှာတော်နိုင်သလို၊ အခြားတစ်ယောက်ကလည်း နေရာလွတ်ရှာတဲ့နေရမှာ တော်နိုင်ပါတယ်။ ဒီလိုကစားသမားတွေက အဲဒီလိုနယ်ပယ်တွေမှာတော့ ဟယ်ရီကိန်းထက် ပိုကောင်းရင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် အသုံးသတ်ပိုင်းမှာတော့ သူ့ထက်ကောင်းတဲ့လူမရှိပါဘူး။ ကိန်းရဲ့ ဘယ်ခြေ၊ညာခြေကန်ချက်နဲ့ ခေါင်းတိုက်စွမ်းရည်က ထူးခြားပါတယ်။ ဒါကြောင့် အရည်အသွေးကိုယ်စီရှိနေတဲ့ တိုက်စစ်မှူးတွေကို ဘယ်သူကပိုကောင်းလဲနှိုင်းယှဉ်လို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။

လာမယ့် စနေနေ့ညမှာ‌တော့ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဆုဖလားကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ အကောင်းဆုံးတိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments