Thursday, November 6, 2025
spot_img
spot_img

‘ သူတို့ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်တယ် ဆိုတာ ထုတ်ပြနိုင်မှ ရပါမယ် ‘ – မန်စီးတီးကို စိန်ခေါ်သွားတဲ့ အိုနားနား

၁၃နှစ် အကြာမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပထမဆုံး အကြိမ် ပြန်ရောက်လာတဲ့ အင်တာမီလန် အသင်းဟာ မနက်ဖြန်ည အစ္စတန်ဘူလ်မှာ ကလပ်သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ် အပြင် တရာသီအတွင်း ဖလား ၃လုံး ( Treble ) ရဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်လာတဲ့ မန်စီးတီး အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ဖို့ ရှိပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကမှ ကိုပါအီတာလီယာ ချန်ပီယံ ဖြစ်ထားတဲ့ အင်တာဟာလည်း ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အရယူခဲ့ပြီးနောက် ၊ ပိုကောင်းတဲ့ ဘောလုံးရာသီ အဆုံးသတ် ဖြစ်အောင် ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ဖို့ အကောင်းဆုံး ကြိုးစားမှာ သေချာပါတယ် ။

ယခုနှစ် ရာသီမှာ အင်တာနဲ့ အတူ အထူး လက်စွမ်းပြနေတဲ့ ကင်မရွန်း လက်ရွေးစင် ဂိုးသမား အန်ဒရေ အိုနားနားက ၂၀၂၁ ဖိုင်နယ်တုန်းက ရှုံးခဲ့ပြီး ဒီတကြိမ်မှာ ဗိုလ်စွဲဖို့ အပြတ်အသတ် အလေးသာနေတဲ့ မန်စီးတီး အနေနဲ့ ကမ္ဘာ့အကောင်းဆုံး အသင်း ဆိုတာ သက်သေပြနိုင်မှ သူတို့ကို ကျော်ဖြတ် အနိုင်ရလိမ့်မယ်လို့ စိန်ခေါ်သွားပါတယ် ။

အိုနားနား က ” သူတို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် သူတို့ ဒါကို လာမယ့် စနေနေ့မှာ ကျွန်တော်တို့ ရှေ့မှောက် ထုတ်ပြနိုင်မှ ရပါမယ် ။ ကျွန်တော်တို့ဟာ အင်တာ အတွက် ကိုယ်စားပြုပေးဖို့ ၊ ခုခံကာကွယ်ပေးဖို့ ဒီကို ရောက်လာတာ ဖြစ်ပါတယ် ။ ”

” ဒါက လွယ်မှာ မဟုတ်ပေမယ့် အကောင်းဆုံး အသင်း ဖြစ်တယ် ဆိုတာ သူတို့ ကျွန်တော်တို့ကို ထုတ်ပြမှ ရပါမယ် ။ ကျွန်တော် ဘာလို့ စိတ်ပေါ့ပေါ့ပါးပါး မရှိရမှာလဲ ? ကျွန်တော် တည်တည်ငြိမ်ငြိမ် ရှိနေပါတယ် ။ ကျွန်တော်တို့မှာ ဘာဖိအားမှ မရှိပါဘူး ။ သူတို့ကသာ ကျွန်တော်တို့ထက် ဖိအား ပိုများနေတာပါ ။ ”

” ဒါက ဘောလုံးပါ ။ ဘဝမှာ ကျွန်တော် ကြောက်တာဆိုလို့ ဘုရားပဲ ရှိပါတယ် ။ နောက်ပြီး သူက ကွင်းထဲမှာ ရှိနေမှာ မဟုတ်ပါဘူး ။ လူတွေက လူတွေပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒီတကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို မန်စီးတီးကပဲ ပြတ်ပြတ်သားသားနဲ့ နိုင်လိမ့်မယ်လို လူအများစုက ယူဆနေကြပြီး ၊ အင်တာ အတွက် အခွင့်အရေး မရှိဘူးလို့ ခန့်မှန်းနေကြပါတယ် ။

သို့ပေမယ့် အင်တာကတော့ မန်စီးတီးကို တတ်နိုင်သလောက် ခံကန်ကာ ၊ ပင်နယ်တီ အဆုံးအဖြတ်မှာမှ အလဲထိုးဖို့ နည်းလမ်းကို စဉ်းစားမှာ သေချာပါတယ် ။ ကစားသမား ဘဝ တလျှောက် ပင်နယ်တီ ၇ကြိမ် ကာကွယ်ထားနိုင်တဲ့ အိုနားနားကတော့ ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်မယ့် အနေအထား အထိကို ပြင်ဆင်ထားကြောင်း ဖွင့်ဟလာပါတယ် ။

အိုနားနား က ” သူတို့ ပင်နယ်တီတွေကို ဘယ်ဖက် ကန်မလဲ ဆိုတာ ကျွန်တော်တို့ သိလား ? ကျွန်တော် မပြောနိုင်ပါဘူး ။ ဒါပေမယ့် ကျွန်တော်ဟာ ပင်နယ်တီနဲ့ ရင်ဆိုင်ကာကွယ်တဲ့ နေရာမှာတော့ အရမ်း တော်တယ်လို့ ခံစားရပါတယ် ။ ဒါပေမယ့် ကျွန်တော်ဟာ ဘယ်သူ့ကိုမှ ထိပ်တိုက် ရင်ဆိုင်ဖို့ ကြောက်နေမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ အားလုံးဟာ အသင်းကြီး ကစားသမားတွေ ဖြစ်ကြပြီး ဖိုင်နယ်ကို ဘယ်လို ကစားရမလဲ ဆိုတာ သိထားကြပါတယ် ။ ဒီပွဲက သူတို့ အတွက်ရော ကျွန်တော်တို့ အတွက်ပါ ခက်ခဲပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments